Part(9)Uni+Zaw

5.1K 193 1
                                    

သဝဏ် အိမ်မှ ထွက်လာသည်မှာ အတော်ကြာပင်ဖြစ်သည်။ သဝဏ် ချိန်းထားသည့်အချိန်မှာ ညနေဖြစ်သော်လည်း အိမ်မှ မနက်အစောထဲက ထွက်လာခဲ့သည်။ သဝဏ် ချိန်းထားသည့်နေရာနှင့် အနီးဆုံးတွင် ရှိသော စားသောက်ဆိုင်လေးတွင် ထိုင်ကာ အပြင်ဘက်သို့ငေးနေလိုက်သည်။

သဝဏ်သွားရမည့် လမ်းကြားလေးထဲမှ ရယ်မောပျော်ရွှင်စွာ ထွက်လာကြသည့်သူဟူ၍ တစ်ဦးတစ်ယောက်ပင် မရှိပေ။ မျက်ရည်များအပြည့်ဖြင့် ထွက်လာကြသူများသာရှိသည်။ သဝဏ်ထိုင်နေသည့်အချိန်အတွင်းမှာပင် ထွက်လာသူက အယောက်နှစ်ဆယ်မက ရှိနေပြီဖြစ်သည်။

တစ်ချို့ ငယ်ရွယ်သည့် စုံတွဲများ၊ တစ်ချို့ကတော့ ခပ်လန်းလန်းကောင်မလေးများ၊ ဟောတစ်ချို့ဆိုလျှင် ရိုးရိုးအေးအေးကောင်မလေးများပင် ထွက်လာကြသည်။

သဝဏ် ချိန်းထားသည့်အချိန်နီးလာ၍ လမ်းလေးထဲသို့ ဝင်လာခဲ့သည်။အကြောင်းမသိသည့်သူများဆိုလျှင် ဒီနေရာကို လှပသည်ဟု ခံစားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းကြားလေးထဲတွင် ကလေးငယ်များ ရေးဆွဲထားသည့် နံရံရေးဆွဲပန်းချီများကို တွေ့ရသည်။

သဝဏ် ဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့လိုက်သည်။ သဝဏ်ဘေးတွင် ဖြတ်သွားသည့် အတွဲတစ်တွဲထံမှ စကားသံအချို့ကို ကြားလိုက်ရသည်။

"မငိုပါနဲ့‌တော့ချစ်ရာ ကိုယ်တို့ လက်ထပ်ပြီး အကုန်အဆင်ပြေသွားတဲ့အခါမှ ကိုယ်တို့ ကလေးထပ်ယူကြတာပေါ့နော်"

"နင့်ကြောင်... နင့်ကို ငါဘာပြောခဲ့လဲ ..အခုတော့ နင့်ကြောင့် ငါရဲ့ အပြစ်မရှိတဲ့....ဟင့်..."

"ကိုယ်ကကော အခုလိုဖြစ်စေချင်တဲ့တာမှ မဟုတ်တာချစ်ရယ် လာပါချစ်ရယ် တစ်ခြားမှာ သွားပြောကြရအောင်နော်"

ငိုနေသည့် ကောင်မလေးအား ရင်ခွင်ထဲထည့်ကာ ထွက်သွားကြသည်။ သဝဏ်လဲ မစပ်စုတော့ဘဲ သဝဏ် သွားရမည့် နေရာသို့ ဆက်သွားလိုက်သည်။

သဝဏ်တိုက်ရှေ့တွင် ရပ်လိုက်သည်။ သဝဏ် သူတို့ပြောသည့် တိုက်ရှေ့သို့ရောက်သော်လည်း ဘာမှမတွေ့ရသေးပေ။ သဝဏ် ရပ်နေသည့် အရှေ့တွင် မူကြိုကျောင်းလေးတစ်ခုကိုသာ တွေ့ရသည်။

Making Purple Home (Complete)Where stories live. Discover now