Part(19)Uni+Zaw

3.8K 127 3
                                    

"congratulations လေးနော် ယောက်ျားလေးပါ "

ဓန သဝဏ်ကိုယ်လေးအား ဖက်လိုက်သည်။ သဝဏ်ဗိုက်ထဲမှာ ရှိနေခဲ့တာ ဓနရဲ့ သားလေးတဲ့။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"

"တကယ် ဂုဏ်ပြုပါတယ် သဝဏ် "

"ဟုတ်ကဲ့ဒေါက်တာ "

သဝဏ်တို့ ဆေးခန်းမှ အပြန် martကို ဝင်မည်ဟု တွေးထားသော်လည်း မဝင်ဖြစ်တော့ပေ။ အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။

"သဝဏ် စားချင်တာလေးတွေ မရှိဘူးလား ဒေါက်တာပြောသလို ချဉ်ခြင်းတက်တာလေးတွေ"

"စားချင်တာတော့ မရှိသေးဘူး လုပ်ချင်တာတော့ ရှိတယ် "

"ဘာလုပ်ချင်တာလဲ ကျွန်တော့်ကိုပြောလေ အဲ့ဒါကြောင့် ဒီရက်ထဲမှာ ထမင်းသိပ်မစားတာလား"

"ဟို.. ငါ မင်းရဲ့ လည်ပင်းအနောက်ကို ကိုက်ချင်လို့ ဒါပေမဲ့ မင်းက အလုပ်သွားနေရတော့ ကိုက်ရာနဲ့ဆို သူများတွေ တစ်မျိုးထင်နေမှာစိုးလို့"

"အာ.. ကိုက်လို့ရပါတယ် သဝဏ်ရဲ့ ကျွန်တော် အိမ်ထောင်ရှိတယ်ဆိုတာ အကုန်သိတာဘဲကို ကိုက်လို့ရတယ်နော်"

"ပြီးမှ အိပ်ခါနီးမှ ကိုက်တော့မယ်"

"ဟုတ်ပါပြီ သဝဏ် "

"ဟင်.."

"ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ် ကိုယ်ဝန်ဆောင်တွေက သူ့ယောက်ျားကို အရမ်းချစ်ရင်တဲ့ မွေးလာတဲ့ကလေးက တစ်ပုံစံထဲတူတယ်တဲ့ အဲ့ဒါ သဝဏ်လဲ သားကို ကျွန်တော်နဲ့ တူအောင်မွေးပေးပါလား"

"အယ် အဲ့ဒါက မဆိုင်ပါဘူး ငါ့အမေဆို ငါ့ကို ဗိုက်ကြီးနေတဲ့အချိန်ရှာရွတ်ခန်းကို သိပ်ကြိုက်တာလေ ပြီးတော့ ငါက ရှာရွတ်ခန်းနဲ့တူလို့လား မတူဘူးလေ"

"မရဘူး သဝဏ်ရာ သားကို ကျွန်တော်နဲ့ တူအောင်မွေးပေးနော် "

သဝဏ် အင်းလို့ ပြောရအောင်ဆိုပြန်တော့လဲ ကလေးက အကယ်၍ သူနှင့် မတူရင် သဝဏ် ဒုက္ခရောက်မည်။ ဓနက ကိုယ့်ကိုတော့ ချစ်တယ်မပြောသေးဘဲ ကလေးကိုတော့ သူနဲ့တူစေချင်နေတယ်။

"ငါက ဘယ်လိုလုပ်မွေးလို့ရမှာလဲ ကလေးဆိုတာ သူဗီဇနဲ့သူလာတာကို ငါလုပ်ယူလို့မှ မရတာ"

Making Purple Home (Complete)Where stories live. Discover now