ယနေ့တွင် သားလေး၏ (၅)လပြည့် မွေးနေ့အဖြစ် သဝဏ်တို့ အရင်တစ်ခေါက်က လှူဒါန်းခဲ့သည့် မိဘမဲ့ဂေဟာလေးတွင် အလှူလေးပြန်လုပ်ဖြစ်သည်။
သဝဏ်မွေးဖွားပြီး (၃)လအထိ ဖွားတို့ ရှိနေပေးခဲ့သည်။ ယခုသား(၅)လပြည့်တွင် ဖွားမှာ လာချင်သော်လည်း နေမကောင်းဖုစ်နေသည်ဖြစ်၍ မလာနိုင်ပေ။
သားသားက တဖြည်းဖြည်း ဓနနှင့်ပို၍ တူလာသည်။ ဖွားအား သားပုံပို့လျှင် ဓနငယ်ငယ်ကအတိုင်းဘဲဟု ဆိုတတ်သည်။ သားက သဝဏ်နှင့်ဓနဆိုလျှင် ဓနကို ပိုခင်တွယ်သည်။ ဓနအသံကြားရပြီဆိုလျှင် ဘယ်နေရာဖြစ်ဖြစ် လိုက်ရှာတတ်သည်။
"သဝဏ် သားကို ကျွန်တော် ချီထားပေးမယ်လေ"
"ရပါတယ် မင်းတစ်ခြားကလေးတွေကို လုပ်ပေးလိုက်ပါအုံး"
"အကုန်လုပ်ပြီးပါပြီ သဝဏ်ရဲ့ သားကို ကျွန်တော် ချီထားပေးတော့ သဝဏ် ထမင်းအေးဆေးစားလို့ရတာပေါ့"
"အင်း ဒါဆို ခဏလေးချီထားပေးအုံးနော် "
"ရတယ် ရတယ် ဖြည်းဖြည်းစားနော်သဝဏ်"
ဓန သားလေးအား ချီထားကာ ဂေဟာတွင်းပတ်နေလိုက်သည်။ သားလေး၏ နာမည်နှင့် ဂေဟာအတွင်းထပ်မံလိုက်အပ်သည်များ
ကို လှူဒါန်းခဲ့သည်။ညနေစောင်းတွင် ဓနတို့ အိမ်သို့ပြန်လာခဲ့သည်။ သားမွေးပြီးမကြာချင်မှာပင် ဓနက ကုမ္ပဏီတွင် ရာထူးတိုးခဲ့သည်။ သားလေးနှင့် အပြင်သွားလာသည့်အခါအဆင်ပြေစေရန် ဓနတို့ ကားတစ်စီးဝယ်ထားလိုက်သည်။
************
"သခေတ်မင်းရှိန် လာ.. ပါးပါးဆီလာ... ဒယ်ဒီဆီကို သွားကြရအောင်"
"ခ..ခ.. ပါး.. ဒယ်.."
"အင်း ဒယ်ဒီဆီကိုသွားမယ်နော် "
"ခ"
ယနေသည် ဓန၏ ဘွဲ့ယူသောနေ့ဖြစ်သည်။ ဓနက ကျောင်းသို့ အရင်သွား၍ ဘွဲ့အခမ်းအနားအတွက် လိုအပ်သည်များကို ပြင်ဆင်ရန် သွားထားရသည်။
သဝဏ်နှင့် သားလေးကတော့ ယခုမှ သွားကြမည်ဖြစ်သည်။ သားလေ သခေတ်မှာ တစ်နှစ်ကျော်ပြီဖြစ်၍ စကားတစ်လုံး နှစ်လုံးပြောနေပြီဖြစ်သည်။
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...