"ဟား....ဟား....ဟား ဓနဂုဏ်ရှိန်ရယ် ငါ့တူလေးကိုယ့်အဒေါ်ကို ဘယ်လိုများတွေးလိုက်တာလဲ ဟား.... ဟား.... ဟား"
ဓန အရှေ့တည့်တည့်မှနေ၍ ကိုယ့်အား ထိုင်ဟားနေသည့် တီလေးအား မျက်စောင်းဖြင့်ထိုးလိုက်သည်။
ဘယ်သူက ယောက်ျားလေးလို့ ထင်မှာလဲ။ မဲနက်နေသည့် ဆံပင်အရှည်ကို ပင့်စီးထားကာ အသားအရည်မှာလဲ အိမ်တွင် အတော်ဖြူသည်ဟု လက်ခံထားသည့် ဓနထက်ပင် အသားအရည်က ဖြူနုနေသည်။
ဓန တီလေးဘေးတွင် ထိုင်နေသည့် သူ့အား အခုမှ သေချာကြည့်မိသည်။ နက်မှောင်နေသည့် ဆံနွယ်ကို သေချာစုစီးထားကာ ဟူဒီအင်္ကျီအဖြူကို ဂျင်းအပြာနှင့် တွဲဝတ်ထားသည်။ ဒီလူရဲ့ မျက်လုံးဟာ အတော်ဆန်းသည်။ ကြည်တောက်ရွန်းစိုနေကာ အပြာရောင် မျက်ဝန်းလေးနှင့် ဖြစ်သည်။
ကိုယ်က သူ့ကို စိုက်ကြည့်နေသည်ကို သိတော့ မျက်နှာတစ်ဝိုက်ရဲလာသည်။
သဝဏ်ကိုယ့်အားစိုက်ကြည့်နေသည့် ခေတ်မေ၏ တူဖြစ်သူကြောင့် အနေရခက်လာသည်။
"အမယ်လေး ဓနဂုဏ်ရှိန် ငါ့သူငယ်ချင်းကို ဒီလောက်ဘဲ စိုက်ကြည့်ပါဟ ဟိုက မျက်နှာတစ်ခုလုံးပေါက်ထွက်တော့မယ် "
ဓန တီလေးကို ဘာမှ ပြန်မပြောဘဲ ဒီအတိုင်းကြည့်နေလိုက်သည်။
"ဓနနော် သူကလဲ တလွဲထင်သေးတယ် အဒေါ်ကို လာပြီ စိတ်ကောက်နေတယ်"
"ကျွန်တော်က ဘယ်သိမှာလဲ တီလေးဘဲ ချစ်ချစ်ခေါ်လာမယ် စောင့်နေလို့ပြောထားတာလေ အဲ့တော့ အခုလိုတွေ့လိုက်တော့ တီလေးနဲ့ယူမယ့်သူလို့ဘဲ ထင်လိုက်တာပေါ့"
"ဟုတ်ပါတယ် ဒီကဒေါ်လေးမှားတာ ဟုတ်ပြီလား အစ်ကိုက အလုပ်မအားတာနဲ့ ဟိုမှာကျန်နေခဲ့တာလေ နောက်မှ လိုက်လာမယ်တဲ့ "
" လက်ထက်ဖို့ ကိစ္စကို ဘယ်လိုလုပ်မှာလဲ တီလေး"
"သူလာမှဘဲ လုပ်လိုက်တော့မယ် ဖိတ်စာကလဲ dateကကိုယ်တိုင်ထည့်ရမှာဆိုတော့ အစ်ကိုလာမှဘဲ သေချာစီစဉ်တော့မယ်"
"တီလေးလူက ဘယ်အချိန်လာမယ်မှန်းမသိတာကို တစ်ယောက်ထဲ ပြန်လာပါလား ဧည့်သည်က ခေါ်လာခဲ့သေးတယ်"
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...