ဓနကျောင်းသွားအပ်ရမည်ဖြစ်၍ လိုအပ်သည့် စာရွက်စာတမ်းများကို ယူလိုက်သည်။ အိမ်မှာထဲက တစ်ခါထဲ အဆင်သင့် လုပ်ထားခဲ့သည်ဖြစ်၍ အရမ်းတော့ အလုပ်ရှုပ်မနေပေ။
"ကျွန်တော်ဘဲ သွားလိုက်ပါမယ်ဆိုတာကို သဝဏ်ရာ"
"မရပါဘူး ငါပါလိုက်မှာ ပြီးရင် ဘိုးဘွားရိပ်သာကို သွားမယ်လေ ဒီနေ့ ဆရာမက ဖုန်းဆက်တယ် အဘိုးအဘွားတို့ရဲ့ ပန်းချီဆွဲထားတာလေးကို ပြပွဲလေး လုပ်ထားတာမလို့ လာကြည့်ပေးပါလားတဲ့၊ကျောင်းက အဲ့အပြန် အဲ့ကိုသွားမလို့လေ"
"ဟုတ်ပါပြီ ဒါဆို ကျွန်တော်သွားကြမယ်"
"အင်း"
သဝဏ်တို့ ခြံတံခါးသော့ခတ်ကာ ကားငှား၍ ဓန၏ ကျောင်းရှိရာသို့ လာခဲ့ကြသည်။
"အင်း ဒါနဲ့ မင်းက ထိုင်းစကားတို့ အင်္ဂလိပ် စကားတို့ကို ပြောတတ်လား ဒီမှာနေမယ်ဆို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်မှ အဆင်ပြေမယ်နော်"
"သဝဏ် ခင်များယောက်ျား ကျွန်တော့်ကို နည်းနည်းလောက်အထင်ကြီးပေးလို့ရမလား ကျွန်တော်က international school ကပါ သဝဏ်ရဲ့ ကျွန်တော် ကောင်းကောင်းပြောတတ်ပါတယ်"
"အင်္ဂလိပ်စကားကိုဘဲ ကောင်းနေလို့မရဘူးနော် ဓန ငါစိတ်ပူလို့ပြောနေတာ မင်းသာ အင်္ဂလိပ်လိုပြောပြီး တစ်ခုခု ဝယ်ကြည့်လိုက် ဈေးက နှစ်ဆလောက်ရှိသွားမယ်"
"ကျွန်တော် ထိုင်းလိုလဲ ပြောတတ်ပါတယ် တီလေးက သင်ခိုင်းထားလို့ သင်ထားတာပါ စိတ်မပူပါနဲ့ သဝဏ်"
"အွန်း ပြောတတ်တယ်ဆိုလဲပြီးရော အဲ့ဆို မင်းမနေ့က သူနာပြုတွေပြောတာ အကုန်နားလည်တယ်ပေါ့ဟုတ်လား"
"ဘယ်စကားလဲသဝဏ် အော်.. ဖြူဖြူလေးနဲ့ ကောင်လေးက သူ့ယောက်ျားကို တော်တော်ချစ်တာဘဲနော် ကလေးလေးကို ကိုယ်တိုင်လွယ်ပြီး မွေးပေးတယ်ဆိုတာလား "
"ဟုတ်တယ် မင်းနားလည်တယ်ပေါ့"
"နားလည်လို့လဲ ရယ်ပြလိုက်တာလေ သဝဏ်ရဲ့ ဘာလဲ ကျွန်တော်က ခင်များတို့ပြောတာမှားနေပါတယ် ကျွန်တော်တို့ ဘာမှမဆိုင်ပါဘူးလို့ ပြောရမှာလား"
YOU ARE READING
Making Purple Home (Complete)
Romanceဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...