Part(29)Uni+Zaw

4.1K 95 2
                                    

ဓနသည် သူပြောထားသည့်အတိုင်း သဝဏ်ကို လက်ထပ်ပွဲပြုလုပ်ပေးခဲ့သည်။ သဝဏ် လက်ထပ်သည့် (၃)နှစ်ပြည့်‌နေ့လေးတွင် သဝဏ်ကို ဓနကိုယ်တိုင် သူစီစဉ်ထားသည့် နေရာလေးသို့ ခေါ်သွားခဲ့သည်။ ထိုနေ့က..

"သဝဏ် မောင်ထုတ်ပေးထားတဲ့ အင်္ကျီလေး ဝတ်ပေးနော်"

"အင်း အင်း"

မောင်က သဝဏ်နှင့်အတူ အပြင်သွားစရာရှိသည်ဟုဆို၍ သဝဏ် ရေချိုးခန်းထဲဝင်လာခဲ့ခြင်းဖြစ်သည်။ အိမ်တွင် မောင်နှင့်ကိုယ်နှစ်ယောက်သာရှိ၍ ဖွားနှင့်ခေတ်မေက သားလေးကို ခေါ်ကာ ဖွား၏ အသိများကို သွားတွေ့အုံးမည်ဟုဆိုကာ ထွက်သွားလိုက်သည်။

"မောင် dinner ပွဲတက်သွားမလို့လား"

"ဟုတ်တယ် သဝဏ်"

"အော် ဒါက မောင်နဲ့တူတယ်နော် ဆင်တူမှာထားတာလား"

"ဟုတ်တယ် အထူးမှာထားတာ သဝဏ်ကြိုက်လား"

"အင်းချစ်စရာလေး မောင်ပြီးပြီလား ပြီးရင် သွားကြရအောင်လေ"

"အင်း"

သဝဏ်နှင့် မောင်က အဝတ်အစားဆင်တူဝတ်ထားသော်လည်း မောင်က ပိုကြည့်၍ ကောင်းသည်ဟု သဝဏ်တွေးမိသည်။

သဝဏ်တို့ ဝတ်ထားသည်မှာ အဖြူရောင်suitလေးဖြစ်သည်။ အဖြူရောင်suitပေါ်တွင် ခရမ်းစွဲရင်ထိုးလေး ထိုးထာသဖြင့် ပို၍ကြည့်ကောင်းသွားသည်ဟုထင်သည်။

ခရမ်းရင်ထိုးလေးကို တွေ့သည့်အခါမှ သဝဏ် မောင်ပေးထားသည့် လက်စွပ် ဘယ်နားရောက်နေမှန်းမသိ ရှာမရဖြစ်နေသည်။သဝဏ် လက်စွပ်အား ရေချိုးသည့်အချိန်မှသာ ချွတ်လေ့ရှိသည်ဖြစ်၍ ရေချိုးခန်းတွင် ရှာသော်လည်း မတွေ့ပေ။ သဝဏ် လက်စွပ် မဝတ်ထားသည့်ကို မောင်တွေ့လျှင် စိတ်မကောင်းဖြစ်မည်စိုးရိမ်သဖြင့် သဝဏ်လက်ကို ဖွက်ထားလိုက်သည်။

ဓန သဝဏ်ကို ကြည့်ကာ ပြုံးမိသည်။ ဓနပေးထားသည့် လက်စွပ်လေးပျောက်နေ၍ သဝဏ်က ဓနမသိဘူးအထင်ဖြင့် လက်ကို ဖွက်နေသည်မှာ အသဲယားစရာ ကောင်းလှပါသည်။ ဓန လက်ထပ်ပွဲအတွင်း မဝင်ခင်အချိန်တွင် လက်ထပ်ခွင့်အရင်တောင်းရန် စီစဉ်‌ထားသေးသည်ဖြစ်၍ လက်စွပ်ကို ဓနယူထားခြင်းဖြစ်သည်။ ဓနလက်စွပ်ကို မည်သို့ ပြော၍ တောင်းရမည်ဆိုသည်ကို စဉ်းစားနေချိန် သဝဏ်က ရေချိုးခန်းထဲတွင် လက်စွပ်မေ့ခဲ့ဟန်တူပါသည်။ ဓန လက်စွပ်ကို တွေ့သည်နှင့် ယူကာ သိမ်းထားလိုက်သည်။

Making Purple Home (Complete)Where stories live. Discover now