ဓန ကြားလိုက်ရသည့် စကားကြောင့် အလွန်ပင်အံ့ဩသွားသည်။
"သဝဏ် ဘာကြောင့် ကလေးကို စွန့်ပစ်ဖို့စဉ်းစားလိုက်ရလဲ ကျွန်တော့်ကို ပြောပြပေးနိုင်မလား"
သဝဏ် ဓန၏ မျက်နှာသို့ ကြည့်လိုက်သည်။
"မင်းသိလား ဓနဂုဏ်ရှိန် ငါကလေးအကြောင်း ပထမဆုံးသိလိုက်ရတဲ့အချိန်မှာ ငါ အရမ်းအံ့ဩသွားခဲ့ရတယ်၊ ငါက ယောက်ျားလေးတစ်ယောက်လေ ငါ့ဆီမှာ ဘာကြောင့် ဒီလိုဖြစ်လာရလဲလို့ စဉ်းစားမိသွားတယ်၊ ငါမယုံကြည်နိုင်ခဲ့ဘူး ၊ ဒါကြောင့် ငါဆေးခန်းတွေ တစ်ခုပြီး တစ်ခု ပြောင်းစစ်ခဲ့တယ် ဆေးခန်းတိုင်းက ငါ့ကို တူညီတဲ့အဖြေတစ်မျိုးကိုသာ ပေးကြတယ်။ တစ်ချို့ဆေးခန်းကဆိုရင် ငါ့ကို အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်လာတယ်၊ ငါအဲ့အချိန်မှာ ဘာမှမတွေးနိုင်တော့ဘူး ငါတွေးမိလိုက်တဲ့ အတွေးက တစ်ခုဘဲ ဒါက မရှိသင့်ဘူး မရှိသင့်တဲ့အရာဖြစ်လို့ ငါဒါကို လုပ်ဖို့ ရွေးချယ်ခဲ့တယ်"
"ခင်များအဲ့လိုစသိတဲ့အချိန်မှာ ကျွန်တော့်ကို ပြောပြမယ်ဆိုတဲ့ အတွေးမတွေးမိဘူးလား သဝဏ်၊ ကျွန်တော် ခင်များကို စဖြစ်တဲ့နေထဲက ဒါဟာ ကျွန်တော့်အမှားဆိုတဲ့အကြောင်း၊ကျွန်တော် ခင်များကိုလက်ထပ်ကြမယ် ကျွန်တော် တာဝန််ယူပါမယ်လို့ ပြောခဲ့တယ်နော် သဝဏ်၊ ခင်များ အခုလို ကလေးကို စွန့်ပစ်ဖို့မစဉ်းစားခင်မှာ ကျွန်တော့်ကို ပြောပြပြီး တိုင်ပင်လို့မရဘူးလား၊ ဘာလို့ ခင်များတစ်ယောက်ထဲ တာဝန်ယူဖို့ စဉ်းစားနေရတာလဲ၊ ကျွန်တော့အမှားလို့ ပြောထားတာကိုတောင် ဘာလို့ ခင်များတစ်ယောက်ထဲ တာဝန်ယူချင်ရတာလဲ သဝဏ်"
"ငါကကော အခုလိုလုပ်ချင်နေတယ်လို့ မင်းထင်နေတာလားဓန ၊အဲ့အချိန်မှာ ငါတစ်ယောက်ထဲ ဘာမှ မစဉ်းစားနိုင်ခဲ့ဘူး။ ရှင်းရှင်းပြောရရင် ငါကြောက်နေခဲ့တယ် ဓန၊ ငါ့ကို ဘယ်လိုထင်ကြမလဲ၊ ငါပြောလိုက်ရင် သူတို့တွေက ယုံကြည်ပါ့မလား၊ ယောက်ျားလေးတစ်ယောက်က ကိုယ်ဝန်ရှိနေပါပြီလို့ ပြောရင် ဘယ်သူကယုံကြည်မှာလဲဓန၊ ငါ ကြောက်တယ် ..ငါသိပ်ကို ကြောက်နေခဲ့တာ ဓန"
![](https://img.wattpad.com/cover/363327398-288-k857427.jpg)
YOU ARE READING
Making Purple Home (Complete)
Romantizmဓနဂုဏ်ရှိန် + ပျိုးသဝဏ်လွှာ Age Gap - 14years Start Date - 20.2.2024 End Date - 12.5.2024 Written by -PyoeOuYim Own Creation (BL) စိတ်ကူးယဉ် ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ အမျိုးသားကိုယ်ဝန်ဆေ...