Part(26)Uin+Zaw

4.1K 121 1
                                    

သဝဏ် သားလေးမွေးဖွားရန်အတွက် ဆေးရုံတက်နေပြီဖြစ်သည်။ နောက်သုံးရက်ဆိုလျှင် သဝဏ်ဘဝထဲသို့ နောက်ထပ် ကြိုးလေးတစ်ချောင်း ရောက်ရှိလာတော့မည်ဖြစ်သည်။

ယနေ့တွင် ဓနက လေဆိပ်သို့သွားကာ အဖွားတို့အား သွားကြို‌သည်။အဖွားမှာ ဆေးရုံတက်သည့်ရက်ထဲက လာရန် ပြင်ဆင်ထားသော်လည်း  ကုမ္ပဏီတွင် အရေးကြီး ကိစ္စပေါ်လာ၍ ယနေ့မှ လာခဲ့ခြင်းဖြစ်သည်။

"ဒေါက်.. ဒေါက်.. ဒေါက်"

"သဝဏ် နေရတာ အဆင်ပြေလား"

တံခါးခေါက်သံနှင့်အတူ ဒေါက်တာ ဝင်လာခဲ့သည်။

"ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော် အဆင်ပြေပါတယ်"

"နေရတာ တစ်ခုခု အဆင်မပြေဖြစ်လာခဲ့ရင် ပြောပေးနော်၊ ခွဲမွေးမယ်လို့ရက်သတ်မှတ်ထားပေမယ့် ကိုယ်ဝန်ဆောင်တွေက  ရက်စောပြီး ဗိုက်နာတတ်တာလေးတွေလဲရှိတယ်"

"ဟုတ်ကဲ့ ဒေါက်တာ အခုထိတော့ ကျွန်တော် ဘာမှ မခံစားရသေးဘူး"

"အင်း.. နောက်သုံးရက်ဆိုရင်တောင် သဝဏ်တို့ဆီကို သားလေးရောက်လာတော့မယ်နော်"

"ဟုတ်တယ်ဒေါက်တာ ကျွန်တော် ရင်ခုန်နေတယ်"

"အင်း ဒါ မီးဖွားခါနီး မိခင်တိုင်းက ဒီလိုပါဘဲ ၊ သဝဏ်ကို မိခင်လို့ သုံးတာကို စိတ်မဆိုးဘူးမလား"

"မဆိုးပါဘူး ၊ တကယ်လဲ မိခင်လောင်းပါဘဲ ၊ ယောက်ျားလေးဆိုပေမယ့် ကျွန်တော့်ကလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားပေးမယ့် မိခင်လေးတစ်‌ယောက်ပါ"

"ဒါနဲ့ သဝဏ် အမျိုးသားကော မတွေ့ပါလား"

"ဟုတ် ဒေါက်တာ သူအဖွားလာလို့ လေဆိပ်သွားကြိုတယ် "

"ဟုတ်လား ထင်တော့ ထင်မိတယ် ဒီနေ့ကျွန်မဆီကို သိပ်မရောက်ထဲက တစ်ခုခု လုပ်နေတယ် ထင်တယ်လို့၊ ဒါဆို ကျွန်မသွားလိုက်အုံးမယ်နော်၊ သဝဏ် ထိုင်ရတာ ညောင်းလာပြီဆို လမ်းလေးလျှောက်ပေးနော်"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

ဒေါက်တာ ထွက်သွားသည်နှင့် သဝဏ် ဖုန်းယူကာ ကြည့်နေလိုက်သည်။ ဓနက လေဆိပ်မှ ထွက်လာသည်မှာ အတော်ကြာနေပြီဖြစ်၍ မကြာမှီပင်ဆေးရုံကို ရောက်တော့ မည်ဟု ထင်ပါသည်။

Making Purple Home (Complete)Where stories live. Discover now