Part (18)Uni+Zaw

3.9K 133 4
                                    

"အလုပ်ကို သေချာလေးလုပ်နော် ကိုယ့်အလုပ်ကို တန်ဖိုးထားနော် အုဲဒါမှ သူများတွေကလဲ ကိုယ့်ကို လေးစားမှာ"

"သဝဏ်ရယ် ကျွန်တော် အလုပ်စဆင်းတဲ့နေ့ကစပြီး နေ့တိုင်းမှာနေတာ ကျွန်တော် မှတ်မိပါတယ် "

"မှတ်မိတယ်ဆိုတာ သိတယ် ပိုပြီး သတိထားမိလို့ရအောင် ထပ်ပြီး သတိပေးတာ"

"ဟုတ်ပါပြီ သဝဏ်က အဖွားနဲ့ တကယ်တူလာတယ် အမြဲ ပြောနေတာ"

"သတိဆိုတာ ပိုတယ်မရှိအောင်ပြောနေတာ ဒီနေ့ညနေ လာမကြိုနဲ့နော်"

"ဟင် ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ဒီနေ့မသွားတော့ဘူး အိမ်မှာဘဲ ပန်းချီဆွဲမှာမလို့"

"အော် တစ်ခုခုဖြစ်လို့တော့ မဟုတ်ပါဘူးနော် သဝဏ်"

"ဘာမှ မဖြစ်ပါဘူး တကယ်ပုံဆွဲမလို့ မြန်မာက ပြန်လာထဲက ခေတ်မေတို့ ပန်းချီပြခန်းအတွက် ပုံမဆွဲပေးရသေးလို့"

"မပေးနဲ့တော့ သဝဏ်၊ ကိုယ်ဝန်နဲ့ဖြစ်‌နေလို့မပေးတော့ဘူးလို့ ပြောလိုက်လေ ကျွန်တော် ဖွားကို ပြောလိုက်ရမလား"

"အဲ့လိုတော့ ဘယ်ရမလဲ ဆွဲလက်စပန်းချီကားလေးကို ဆက်ဆွဲပြီး ပေးမလို့ အလုပ်ကို မြန်မြန်သွားပါတော့"

"အင်းပါ သဝဏ် ကျွန်တော့်ကို အနမ်းလေးမပေးချင်ဘူးလား"

ဓနက သဝဏ် ဗိုက်ကို နမ်းလို့ မျက်ရည်ဝဲမိသည့် နောက်ရက်မှစ၍ အမြဲအပြင်သွားခါနီးဆိုလျှင် နမ်းခိုင်းသည်။ ညအိပ်ယာဝင်ခါနီးဆိုလျှင် သံလွင်ဆီ လိမ်းပေးသည်။ ပြီးလျှင် ကလေးနှင့်စကားပြောကာ အဆီများဖြင့် ပြောင်နေသည့် သဝဏ် ဗိုက်လေးအား အနမ်းပေးတတ်သည်။

"ဟင်အင်း..မနမ်းတော့ဘူး သွားတော့"

"ဒါဆို ကျွန်တော်က တစ်နေ့လုံး ပင်ပန်းမှုတွေနဲ့ ဖြတ်သန်းရ‌တော့မှာပေါ့  ရက်စက်လိုက်တာ..သဝဏ်က အားအင်လေးတွေ ဖြည့်ပေးပါအုံး"

"မင်းကတော့ ငါ့ကို လူဆိုးဇာတ်သွင်းနေတယ် လာအနားတိုးခဲ့ ...ပြွတ်"

သဝဏ် ဓန၏ နှုတ်ခမ်းလေးကို ထိယုံမျှ နမ်းလိုက်သည်။

"ညနေတွေ့မယ်နော် သဝဏ် ကျွန်တော့်ကို အားအင်တွေပေးလို့  ကျွန်တော်က ပြန်ပေးခဲ့မယ်နော် ပြွတ်"

Making Purple Home (Complete)Where stories live. Discover now