အိမ်ပြန်ရောက်တဲ့အထိ ဒေါသအရှိန်ကမသေနိုင်သေး။ အခန်းထဲရှိမှန်တင်ခုံပေါ် စလင်းဘတ်ကိုပစ်ချကာ ကုတင်ပေါ်ပစ်ထိုင်လိုက်သည်။
မနက်စာအတူမစားဘဲ ပြန်သွားတဲ့အမှု လေလံပွဲမှာ ကပ်တိုးလေးကျောသွားတဲ့အမှုနဲ့ Lino ကို Jennie တော်တော်လေး ကို ကုတ်ဖဲ့ချင်နေပြီ။ချော့တာတောင်နောက်မှတဲ့။အကြွေးထားသွားသေးတယ်။ တကယ်ပါပဲ။
အကြောင်းမဲ့တရှူးရှူးတရှဲရှဲဖြစ်နေရင်မှ Jennie ကိုယ့်ကိုကိုယ်ပြန်စဉ်းစားလိုက်တော့ လေလံပွဲမှာ လက်တလုံးကျော်တာ စိတ်ဆိုးသင့်တယ်ဆိုပေမဲ့ မနက်စာအတူမစားဘဲ ပြန်သွားတာ စိတ်ဆိုးသင့်လို့လား။ ဘာမှတောင်မသက်ဆိုင်သေးတာကိုလေ။သက်ဆိုင်နေရင်တောင် သူ့ဝမ်းနဲ့ကိုယ့်ဝမ်းဆက်တာမှမဟုတ်ဘဲ။ဒါဟာအကြောင်းပြချက်ကောင်းဖြစ်မနေဘူးလေ။Jennie သူ့ကိုသဘောကျနေမိတာလား။မဖြစ်နိုင်တာ အမြင်ကပ်လွန်းလို့စိတ်စွဲနေတာပဲဖြစ်မယ်။ခေါင်းကိုခါလိုက်ပြီး ပင်ပန်းနွမ်းနယ်နေသေးခန္ဓာကိုယ်ကို ရေချိုးရန်အထ ဖုန်း မြည်သံက ထွက်ပေါ်လာသည်။ နံပါတ်ကြည့်တော့ အစိမ်းကြီး။ဘယ်သူလဲ။ personal phone ကိုဆက်တာဆိုတော့ မသိသူတော့မဖြစ်နိုင်။ဖုန်းကိုကိုင်လိုက်သည်။
"ဘာတွေလုပ်နေလို့ ကြာနေတာလဲ Jennie ရယ် ဖုန်းမြည်တာကြာနေပြီမဟုတ်လား"
"Lino"
"ဟုတ်တယ် Lino။ Jennie ကျွန်မကိုစိတ်ဆိုးနေတုန်းလား"
"မဆိုးဘူးပြောရင် လိမ်တာမလား"
"ကျွန်မချော့မယ်လို့ပြောခဲ့တယ်လေ"
".........."
"ကျွန်မ က ဒီအတိုင်း Jennie ကိုလက်ဆောင်ပေးမယ်ဆိုတဲ့ စိတ်လေးတဖြတ်ကြောင့် ရုတ်တရက် ဆုံးဖြတ်လိုက်မိတာပါ Jennie ကိုသိက္ခာချချင်တာမျိုးလုံးဝမဟုတ်ရပါဘူး ကျွန်မက ဆုံးဖြတ်လိုက်ရင်အချိန်မဆွဲတတ်တဲ့ လူမျိုးမို့လို့လေ"
".........."
"ဘာလို့ လက်ဆောင်ပေးတာလဲဆိုတော့ ဒီ project ပြီးရင် ဂျယ်ဂျူရောက်တိုင်း ဟိုတယ်ကိုမြင်တိုင်း ဪ Lino ငါ့ကို မင်္ဂလာလက်ဆောင်ပေးထားတာပဲ ဒီ ဟိုတယ်က ငါတို့မင်္ဂလာသက်တမ်းလောက်ရှိပြီပဲ ဆိုပြီး ခံစားမိစေချင်လို့"
"............."
"ဒါကြောင့်ပါ Jennie ကျွန်မကိုစိတ်မဆိုးပါနဲ့တော့ မဟုတ်ရင်ကျွန်မအိပ်ပျော်မှာမဟုတ်တော့ဘူး"
Jennie သူ့စကားတွေမှာတင် ဒေါသက အရှိန်လျော့သွားပြီ။
"အိပ်မပျော်ရင်မအိပ်နဲ့ပေါ့"
![](https://img.wattpad.com/cover/363611663-288-k685329.jpg)
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanfictionပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့ပြီးတစ်နေ့ ချစ်မြတ်နိုးပေးပါ ...