𝔽𝕠𝕌𝕣𝕋𝕖𝔼𝕟

735 78 10
                                    

  အလွမ်းတွေကို Lino သိအောင်တော့ထုတ်မပြောပြချင်။ထပ်တူလွမ်းမိတယ်ဆိုပေမဲ့ Jennie မျိုသိပ်ထားလိုက်သည်။
         "လွမ်းတာပဲ လွမ်းပေါ့ ငါကဘာလုပ်ပေးရမှာလဲ"
     "ထင်ပါတယ် အဲ့လိုပဲပြန်ပြောမယ်ဆိုတာ ဒါနဲ့ Jennie ကျွန်မတို့ အတူလုပ်ရမယ့် Project ကို ကျွန်မ planning လုပ်နေပြီနော်"
    "ဟုတ်လား ငါ ဒီမှာ တစ်ပတ်လောက်တော့ကြာမယ်"
     "ရပါတယ် အခုလက်ရှိကိုသာ အေးဆေးလုပ်ပါ"
    "အင်း"
    "အဲ့မှာ ညဘက်ဖြစ်နေလောက်ပြီပေါ့နော်"
    "8နာရီကျော်ပြီ"
    "ညစာစားပြီးပြီလား"
    "Hotel ကနေမှာထားတယ် မင်းရော"
   "ကျွန်မက ရုံးမဆင်သေးဘူးလေငါးနာရီမှ ဆင်းမှာ အခုမှ လေးနာရီရှိသေးတယ် ညနေကျ ဆိုဂျုဆိုင်ဘက်သွားမလားလို့"
    "ဘာကိစ္စလဲ"
   "အထွေအထူးမရှိပါဘူး Jennie ရယ်ဒီတိုင်း ခြေဦးတည့်ရာပါ"
   "မင်းက နားမပါတာလား Lino ဒါမှမဟုတ်ငါကပဲအရက်သမားကို ယူမိတာလား ဆိုဂျူဆိုင်ဘက်မသွားနဲ့လို့ပြောခဲ့တယ်မလား"
   "စွဲချက်ကပြင်းလိုက်တာ ကျွန်မကအရက်သမားမဟုတ်ပါဘူး"
   "မဟုတ်ရင် မသွားနဲ့လေ မင်း"
   "ဘာလို့လဲ"

စိတ်မချလို့.....စိတ်မချလို့ဆိုတဲ့စကားတွေက ရင်ထဲပဲ့တင်ထပ်နေခဲ့ပြီး တကယ်တမ်းထွက်မလာခဲ့။

       "သွားဟေ့ သွားချင်သပဆို သွား ငါဖုန်းချပြီ ဒါပဲ"

      "Jennie.     Jennie"

ဖုန်းမျက်နှာပြင်ကိုသာ Lino စိုက်ကြည့်နေမိသည်။jennieရဲ့ရင်ထဲ တကယ်ပဲ နေရာရနိုင်ဖို့မရှိဘူးလား။ဒါပေမဲ့ Lino ဘယ်တော့မှ အရှုံးပေးမည်လက်လျှော့မည်မဟုတ်ပါ။

   
    "ဟင်း မသွားနဲ့ဆို မသွားနဲ့ပေါ့ ဘာဖြစ်လို့လဲ ဘာလို့လဲနဲ့ လေကြောကရှည်လိုက်တာဆိုတာ"
    Jennie တစ်ယောက်တည်းရေရွတ်နေမိသည်။ပြီးနောက် ဂျီမင် ဆီစာပို့ကာ ခိုင်းစရာရှိသည်ကိုခိုင်းလိုက်သည်။ထိုအချိန်မှာပင်
ဟိုတယ် serviceမှ မှာထားသည်များလာပို့သောကြောင့် Jennieယူလိုက်ပြီး ညစာ စားခြင်းအလုပ်ကိုသာ လုပ်ဆောင်လိုက်သည်။
     မနက်ကျ ရင်းနှီးမြှုပ်နှံမည့်သူနဲ့ချိန်းထားသည်က ၈နာရီတိတိမှာ။jennie ဩဇီ ပရောဂျက်ကို အမြန်ပင်ပြီးချင်နေပြီ။ဒါမှ ဟန်းဂုကို အမြန်ပြန်လို့ရမှာ။
      
⭐⭐⭐⭐⭐⭐

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now