𝕋𝕨𝔼𝕟𝕋𝕪𝔽𝕚𝕍𝔼

673 126 34
                                    

Jisoo Kim ရဲ့ရုံးခန်းထဲမှာ Jennie ငုတ်တုပ်ထိုင်နေရတာတစ်နာရီလောက်ရှိနေပြီ။

တမင် Lino ထက်စောစောထွက်လာကာမှ ဆရာမက မွေးခန်းဝင်နေ‌တယ်တဲ့။

    "Sorry Jennie ရေ ကြာသွားလား"

   "သိပ်မကြာပါဘူး ငါ့အသက်ထက်ဝက်ကြီးသွားရုံပါပဲ"

    "မခနဲ့လည်းရတယ် နင်အခုလာတာတစ်ယောက်တည်းလား"

   "နင်ဘယ်နှစ်ယောက်မြင်လဲ"

   "ဟဲ့ ငါက နင့်အသဲတုန် Lino မဟုတ်ဘူး ကောင်းကောင်းပြော"

   "ဘာပြောတယ် ဘာအသဲတုန်လဲ နင်နော် ကလေးမျက်နှာကြောင့်သည်းခံလိုက်မယ် "

    "ကလေးက ကျန်းကျန်းမာမာကောင်းကောင်းမွန်မွန်ကြီးထွားလာနေတာ အိုက်ဂူး ငါသေချာစောင့်ရှောက်လာပြီးမှ မိဘလက်ထဲထည့်ရတော့လည်း ဝမ်းနည်းသလိုလို"

Jennie ဒီတစ်ခါတော့ ဘုမတော ဖြစ်။ Jisoo Kim ဟာတကယ်ဝမ်းနည်းနေတဲ့ပုံပေါက်နေတာမို့လေ။

    "ကဲ ကုတင်ပေါ်တက် စိတ်ကိုလျှော့ထား"

Jisoo Kimဟာ လေသာပေါတာ။လုပ်ငန်းဆိုင်ရာမှာတော့ကျွမ်းကျင်တယ်။

    "သေချာဂရုစိုက်နော် Jennie"

   "အေးပါ"

     "Morning sickness တွေရတော့မှာ ‌ငါပေးတဲ့ဆေးတွေသေချာသောက် အိမ်သာခွက်ထဲခေါင်းစိုက်မနေချင်ရင်"

   "သိပါတယ် ဒါပဲမလား ငါသွားတော့မယ် ရုံးချိန်တောင်နောက်ကျတော့မယ်"

    "Ok"

‌company ကိုရောက်တော့ အတွင်းရေးမှူးကပျာပျာသလဲလာကြိုရှာသည်။

    "ရောက်လာပါပြီလား CEO ကော်ဖီမှာလိုက်ရမလား"

   "အင်း ကာနိုတစ်ခွက်လောက် ‌ဪ ဒါနဲ့ ဂျီမင်"

   "ဟုတ်ကဲ့"

    "Double L ကိုနေ့လည်လောက်ကျရင် လက်မှတ်ထိုးစရာတွေပို့ပေးလိုက်ပါ"

    "Double L ဆိုလို့ ဥက္ကဌ ရောက်နေပါတယ် CEO"

    "ဟမ် သူကဘာလာလုပ်တာလဲ"

    "ဂျီမင်လည်းမသိပါဘူး CEO"

  "သိပြီမို့ ကော်ဖီရရင်ရုံးခန်းလာပို့ပေးပါ မထူးပါဘူး တစ်ခါတည်း Black cafe တစ်ခွက်ပါဝယ်လာခဲ့"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now