𝕋𝕖ℕ

644 74 15
                                    

ဒီနေ့ company ကိုလာရတဲ့ခံစားချက်ကတမျိုးလေး။တနေ့က CEO Jennie Kim ဟာအပျိုဖြစ်ပြီး ဒီနေ့ CEO Jennie Kim ဟာ အိမ်ထောင်သည်။ဓာတ်လှေကားစောင့်နေတုန်း အတွင်းရေမှူး ဂျီမင်က အပြေးရောက်လာပြီး
      "CEO"
    "‌ဪ ဂျီမင် ပြော"
     "အထည်စက်ရုံက မနေ့ကဖုန်းလှမ်းဆက်ထားတယ် ပိတ်စ တွေ damage ကျတာတွေများနေလို့တဲ့"
     "ဘယ်လောက်ဖိုးတဲ့တုန်း"
      "3 Millionလောက်ပါတဲ့ CEO"
    "......."
   "မနေ့ကတည်းကဖုန်းဆက်တာဆိုပေမဲ့ CEO အနားယူတာမို့ ဂျီမင်ကမပြောခဲ့တာပါ စက်ရုံမှူးကတော့ CEO ကိုယ်တိုင်လာစစ်ဆေးပေးစေချင်ပါတယ်တဲ့"
    "အေးပေါ့ သွားကြည့်ရမှာပေါ့ အပေါ်မှာ လက်မှတ်ထိုးစရာအရေးတကြီးရှိလား"
     "မရှိသေးပါဘူး CEO"
    "ဒါဆိုသွားတာကြတာပေါ့ စက်ရုံကို"
   "ဟုတ်"

စက်ရုံဟာ ဘူဆန် မှာ တည်ထားတာမို့ ဆိုးလ်နဲ့ဆို အတော်ဝေးပြီး လေးနာရီလောက် ကားမောင်းယူရသည်။

စက်ရုံသို့ရောက်သော် စက်ရုံမှူး အို က အပြေးလေးလာပြီး အရိုအသေပေးသည်။ Jennie လက်ကာပြလိုက်ပြီး
      "ဘယ်လိုဖြစ်လို့ damage ကျရတာလဲ စက်ရုံမှူး အို"
      "ဒီလိုပါ CEO အခုလက်ရှိပိတ်လိပ်ထားတဲ့ဂိုထောင်ရဲ့ သွပ်တွေက ဆွေးနေပါပြီ မိုးလည်းယိုနေပါတယ်"
    "အဲ့တာကို မပြောဘဲနေနေတာလား"
     "မဟုတ်ပါဘူး ကျွန်တော် အခေါက်ခေါက်အခါခါ စာရေးပြီးတင်ပါတယ် ဒါပေမဲ့ ပြန်စာမလာသလို ပြုပြင်ပေးဖို့လည်း မလာခဲ့ပါဘူး"
    "ဂျီမင် စက်ရုံမှူးအိုရဲ့ တင်ပြချက်တွေက ဘယ်လိုဖြစ်တာလဲ"
     "ဟို ကျွန်မလည်း သေချာမသိပါဘူး CEO"
    "ဘာ"
   "တောင်းပန်ပါတယ် CEO"
စိတ်တိုလို့ထွက်သွားတဲ့အသံ ဟာ စက်ရုံဟောကြီးထဲမှာ ဟိန်းခနဲ။ဂျီမင်ဆိုတုန်နေပြီ။စက်ရုံမှူးအို ကလည်း စက်ကွင်းထိမှာကြောက်လို့လားမသိမျက်နှာဟိုလွှဲ ဒီလွှဲ။
     "အလုပ်ကို သေချာမလုပ်ကြဘူးလား company ပြန်ရောက်ရင် mail ကိုင်တဲ့အဖွဲ့ကို ငါတစ်ယောက်မကျန် တွေ့ချင်တယ်"
     "ဟုတ် ဟုတ်ကဲ့ပါ CEO "
     "အခု ဒီနေ့ ချက်ချင်း company ပြန်ရောက်တာနဲ့ maintenance တွေကိုလွှတ်ပြီး ယိုယွင်းနေတာတွေပြင်ဖို့လုပ် အို ရှုပ်ပါတယ် ဂိုထောင်နှစ်ခုလုံးက ဟာတွေအကုန်ပြန်မိုးလိုက်"
    "ဟုတ်ကဲ့ CEO"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now