JENNIE အလိုမကျချင်သည်မှာ စောနက Architect နဲ့တွေ့ပြီးကတည်းက။
"တစ်ခုခုဖြစ်နေလို့လား Jennie ဘယ်နားကနေမကောင်းဖြစ်လို့လဲ"
"မင်းအပူပါလား"
"အဲ ဘာလို့ကျွန်မကိုရန်တွေ့နေရတာလဲ ကျွန်မကစေတနာနဲ့မေးတာပါ"
"မလိုပါဘူး ကားသာဂရုစိုက်မောင်းစမ်းပါ အသက်ကအပိုမပါဘူး"
လက်ကြီးပိုက် မျက်မှန်ကြီးတပ်ကာ ချေမိုးနေတာကို Lino စဉ်းစားလို့မရ။တကယ်ပဲ ဘာအလိုမကျလို့ဘာဖြစ်ချင်နေတာလဲပေါ့။
တကယ်ကို အံ့ဖွယ်ရာ။Jennie ရဲ့စိတ်ကတကယ် ကိုလိုက်မမှီအောင်ကို ရှုပ်ထွေးနေသည်။
သက်ပြင်းချပြီးခေါင်းကိုတစ်ချက်ရမ်းကာ ကားသားဂရုစိုက်မောင်းနေလိုက်သည်။
ရောက်ရောက်ချင်းမှာ Hotel မှာတည်းပြီးအတွင်းရေးမှူးကို ကားလာပို့ခိုင်းထားတာကြောင့် လာပို့လို့ အခုလိုလိုရာခရီးသွားနေနိုင်ခြင်း။
Jennie က Taxi မစီးနိုင်ဘူးလေ။ကားတောင်သူများမောင်းတာမစီး။သူမဘာသာမောင်းသည်။
အခုတော့ Lino နဲ့ယူပြီးကတည်းက တစ်ခါမှ ငါမောင်းမယ် လို့အသံထွက်လာတာမကြားဖူးသေးဘူး။Lino ဘေးကခုံမှာမညီးမညူ အထွန့်မတတ်ဘဲ လိုက်စီးသည်။Linoလည်း တစ်ခါတလေတော့ သူမမောင်းတဲ့ကားလိုက်စီးချင်ပါရဲ့။
"နေ့လည်စာ စားဖို့ကလည်းစောနေသေးတယ် သွားချင်တဲ့နေရာရှိလား Jennie ကျွန်မဘယ်ပို့ပေးရမလဲ"
"မင်းကဘယ်ကိုပို့ချင်လို့လဲ"
"အဟွန်း ကျွန်မအလိုသာဆို အခုချက်ချင်းအိမ်ပြန်ပြီး အခန်းထဲသာဆွဲသွင်းလိုက်ချင်တယ်"
"ဘာပြောတယ် မင်း မင်းတော်တော် ကို"
"ဟုတ်တယ်လေ ဒီလောက်အသဲယားအောင်လုပ်နေတာ အသက်မရှုနိုင်လောက်အောင်နမ်းပြီး အပစ်ပေးလိုက်သင့်တာ"
"အယုတ်တမာ"
"Yeah ..it's me"Jennie မျက်စောင်းသာထိုးလိုက်မိသည်။ဒါနဲ့နေပါဦး သူစောနက အိမ်လို့ပြောလိုက်တာလား။
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanfictionပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့တစ်ခြား ပိုပြီးချစ်မြတ်နိုးပေးပါ ...