𝕋𝕙𝕀𝕣𝕋𝕖𝔼𝕟

733 86 4
                                    

ဩဇီစံတော်ချိန်နဲ့ဆို ညနေလေးနာရီမှာလေယာဉ်ဆိုက်သည်။Jennie နားချင်နေသည်မို့ လေဆိပ်ကနေ Taxi ငှားကာ ဟိုတယ်ကိုသာတန်းလာခဲ့သည်။အခန်းယူပြီးနောက် ရေချိုး သန့်စင်လိုက်ပြီး အိပ်ယာပေါ်လှဲကာအညောင်းအညာဖြေလိုက်သည်။
"အင်း ဖုန်းဆက်လိုက်ရမလား။ချက်ချင်းဆက်လိုက်ရင်သိသာသွားမှာပေါ့။ ဆိုင်တော့မဆိုင်ပါဘူး ဖုန်းဆက်ရင် စကားပြောနေရဦးမယ် message ပဲရိုက်ထားလိုက်မယ်"
တစ်ကိုယ်တည်းရေရွတ်ပြီး ဖုန်းကိုကိုင်လိုက်ပြီးစာပို့လိုက်သည်။

Msg....to Lino😾
"ရောက်ပြီ"

အင်း အခုပဲ‌ဟိုတယ်‌ ရောက်တယ် ဘာလုပ်နေလဲ ခြေဦးတွေတည့်နေသလား ဆိုပြီး စိတ်ထဲကတော့အရှည်ကြီးရေးလိုက်ပေမဲ့ တကယ် စာရိုက်ပြီးရောက်သွားတာကနှစ်လုံးတည်းရယ်။
ခရီးပန်းလာတာကြောင့် သက်တောင့်သက်သာရှိတဲ့နေရာမှာလဲနေရတဲ့အခါ မျက်လုံးကမှေးစင်းလာသည်။

😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️

"Lino နေ့လည်စာစားရအောင်"
Anneကလာခေါ်သည်။
"အွန်း နင်ဆိုင်ရွေးပြီးပြီလား"
"Booking တောင်တင်ပြီးပြီ"
"အေး သွားကြတာပေါ့"
ဟုဆိုကာ ကားသော့ယူပြီး ဖုန်းကိုကိုင်လိုက်တော့ message လေးကိုတွေ့လိုက်ရသည်။

From...Jennie💋
"ရောက်ပြီ"

ဟူသောစာတိုလေး။lino ပြုံးလိုက်မိသည်။တကယ်ပါ ဘယ်ချိန်ကတော့ရောက်တယ် ဘယ်ရောက်နေပြီ နားရင်နားတယ် အိပ်ရင်အိပ်တယ် ပြည့်ပြည့်စုံစုံလေးတော့ ပြောပြသင့်တယ်မဟုတ်ဘူးလား။ဒီအမျိုးသမီးကတော့.....။

"ဟဲ့ အဲ့မှာပြုံးရင်းအသက်ထွက်နေတာလား ငါဗိုက်ဆာနေပါပြီဆို"
Anne အော်ပြောမှပဲ

"အေးပါ လာပါပြီ "

စားသောက်ဆိုင်သာရောက်လာတာ တစ်လမ်းလုံးလည်း anneဟာ ဗျစ်စိ ဗျစ်စိ။အလကား မိန်းမခရီးသွားတာလေးကို ဒရာမာ တွေချိုးပြနေသည်ပြောလို့ပြောနဲ့။တော််တော်ကို ဒဏ်ခံရသည်။

"ကဲ Anne ကြိုက်တာသာမှာပြီး နင့်ပါးစပ်ကို ပိတ်လိုက်ပါတော့ဟာ ငါတော်တော် နားငြီးလာပြီ"
"အောင်မာ မိန်းမကျ တစ်ခွန်းတောင်အထွန့်မတတ်ရဲဘဲနဲ့များ"
"ဟ အထွန့်တက်ရအောင် Jennie ကငါ့ကို ဘာတွေပြောဆိုနေလို့တုန်း နင်သာ ပြောနေတာငါ့ကို"
"အလကား မယက"
ပြိုင်ပြောရင်ပေရှည်တတ်သော Anneကိုလက်မြှောက်လိုက်သည်။ဆက်မပြောတော့ဘူး။
စားစရာတွေရောက်လာတဲ့အခါ Anne ရန်မထောင်တော့။စားနေရလို့ပါးစပ်မအားတော့လို့လေ။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now