အင်းချွန်းလေဆိပ်တွင်
"Jennie ဂရုစိုက်နော် တစ်ခုခုဆိုမပေဘဲ ဆေးခန်းပြရမယ် ဟင်းတွေလည်း ကိုယ်တိုင်ဝင်ချက်မနေနဲ့ "
"ငါက ဘာလို့ဟင်းချက်လို့မရရမှာလဲ"
"စိတ်ပူလို့ပေါ့ ညှော်နံ့တွေက အဆုတ်ကိုထိခိုက်တယ် ကလေးအတွက်လည်းမကောင်းဘူးလေ"
"ပိုလိုက်တာ"
"အလုပ်ပါးတဲ့အခါပြန်လာမှာမို့ Omma တို့ဆီမှာသေချာနေခဲ့နော် ကျွန်မကိုအလုပ်ဖြောင့်ဖြောင့်ပေးလုပ်မယ်မလား"
"မင်းစကားကလည်း ငါကပဲမသိရင် ကျွမ်းထိုးနေမှာကျလို့"
"စကားကပ်ပြောနိုင်လွန်းတဲ့ဆရာမကြီးကိုကျွန်မလက်မြှောက်ပါတယ်"
မိဘတွေက ခပ်ဝေးဝေးကနေသာလက်ပိုက်လျှက်ကြည့်နေကြသည်။လွတ်လွတ်လပ်လပ်ပြောပါစေဟူသောသဘော။
"ကျွန်မသွားပြီးနော် Jennie"
"....."
Luggage ဆွဲပြီး check in ဝင်သွားတဲ့ကျောပြင်ကျယ်ကို Jennie ငေးရင်း ငိုချင်လာသလိုလို။ သို့သော်မငိုဖြစ်လိုက်ပါ။
မိဘတွေကအနားရောက်လာပြီး Jennieပုခုံးကိုပုတ်ကာ အိမ်ပြန်ဖို့ခေါ်သည်။အိမ်ပြန်တဲ့ကားလမ်းတစ်လျှောက် Jennie ဘာစကားမှမပြောမိသလို မိဘများကလည်းလာမပြောကြပါ။
ယောက္ခမကလာနေဖို့ပြောပေမဲ့ အမေနဲ့သာနေလိုသည့်ဆန္ဒရှိတာကြောင့် Kim အိမ်မှာပဲ Jennie နေဖြစ်သည်။
"သမီး တစ်ခုခုလိုတာပဲဖြစ်ဖြစ် စားချင်တာရှိတာပဲဖြစ်ဖြစ် ဖုန်းဆက်နော်"
"ဟုတ်ကဲ့ Ommonie "
Mrs.Noban တို့ဟာယောက္ခမကောင်းထဲမှာပါပါသည်။Jennie ကိုချွေးမပေမဲ့သမီးလိုသာဆက်ဆံကြသည်။အခုလည်းသူတို့အိမ်ခေါ်မရလို့ တစ်ခုခုဆို ဖုန်းဆက်ပြောဖို့မှာကာပြန်သွားကြသည်။
ဒီလိုေနွးထွေးတဲ့အသိုင်းအဝိုင်းထဲကြီးပြင်းလာတဲ့ Lino ဟာ နွေးထွေနေတာမဆန်းပါ။
Oh..god!!! လေဆိပ်ကပြန်လာတာမှ သုံးနာရီတောင်မပြည့်သေး Jennie လွမ်းဖျားလွမ်းနာကျတော့မှာလား။
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanfictionပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့တစ်ခြား ပိုပြီးချစ်မြတ်နိုးပေးပါ ...