𝕋𝕙ℝ𝕖𝔼

611 68 10
                                    

အိပ်ယာထ နောက်မကျစဖူး Jennie နောက်ကျသည်။မနေ့ကညနေက Lino နဲ့ထပ်ပြန်ဆုံပြီး ဆိုဂျူလိုက်သောက်လိုက်တာ ညနက်မှအိမ်ပြန်ရောက်သည်။ဘယ်လိုဘယ်ပုံရောက်လာသည်တော့မသိလိုက်။Lino လိုက်ပို့တာပဲမှတ်မိသည်။

မနေ့က

"Jennie ဆိုဂျူသောက်တတ်ရဲ့လား"
"ဘာကိစ္စကြောင့် မသောက်တတ်ရမှာလဲ ပါးစပ်ပါတာပဲဟာ"
"အဲ့တာကို ကျွန်မသိပါတယ် ဒါပေမဲ့ Jennie ပုံစံအရဆို ဝိုင်ကောင်းကောင်းလေးတွေပဲကြိုက်မယ့်ပုံ"
အမယ် သူက အကဲခတ်တော်နေပါ့လား။Jennie မျက်စောင်းတွေချည်းပိတ်ထိုးပေးလိုက်တော့
"ဖြေးဖြေး ကြည့်ပါ Jennie ရယ် ကျွန်မအရည်ပျော်ထွက်သွားပါဦးမယ်"
"အမြင်ကပ်ဖို့ကောင်းလိုက်တာ"
"ကျွန်မကလား "
" မင်းမဟုတ်လို့ဘယ်သူ‌ရှိသေးလို့လဲ"
"ဟော အဲ့တာမှခက်ပြီ အမြင်ကပ်တဲ့လူနဲ့ Jennie လက်ထပ်ရတော့မှာပဲ"
"........."
"Australia ကဘယ်တော့သွားမှာလဲ"
"April လထဲ မှာသွားမှာ အတိအကျဆို ဆယ်ရက်နေ့"
"ဟင် ဒီလကုန်ပဲ ဆိုတော့ လက်ထပ်ဖို့က အဲ့မတိုင်ခင်လုပ်ချင်တဲ့ Jennie ရဲ့သဘောအရဆို မှီပါ့မလား"
"ဘာကိုလဲ"
"တစ်သက်မှာတစ်ခါဆောင်ရတဲ့မင်္ဂလာ‌ကိုတော့ ခမ်းနားစေချင်တယ်လေ Jennie ဟာလည်းအဲ့လိုမျိုးတဲ့ထိုက်တန်တဲ့အမျိုးသမီးပါ"
"စိတ်ပူစရာမရှိပါဘူး Appa တို့က အားလုံးစီစဉ်ပြီးလောက်ပြီ မင်းနဲ့ငါက ဝတ်စုံ လက်စွပ် ဖိတ်စာဒီဇိုင်း‌ ရွေးပြီး ဖိတ်ချင်သူကိုဖိတ်ရုံပဲ"
"ကျွန်မကတော့ Dress မဝတ်ချင်ဘူး သိတယ်မလား ကျွန်မက အရမ်း sweet ဖြစ်နေတဲ့သူမဟုတ်ဘူးလေ ပြီးတော့ အရမ်းစိတ်ကျဉ်းကျပ်ရတာမျိုးဆို မဝတ်ချင်လို့"
"အဲ့တာဆို လည်း suitပဲဖြစ်ဖြစ်ဝတ်လို့ရတာပဲ တစ်ရက်တော့ အချိန်ပေးပြီးသွားကြည့်မှရမှာပေါ့"
"အင်းအဲ့လို လုပ်ကြတာပေါ့"
ဆိုဂျူနဲ့ကြက်ခြေထောက်အစပ် ငါးအူချောင်း မှာထားတာတွေလာချပေးတာမို့ခဏ စကားစပြတ်သွားသည်။Lino ကလာချပေးသည့်အန်တီကြီးကို ကျေးဇူးတင်ပါတယ် ကောင်းကောင်းစားပါ့မယ် လို့ပြောပြီး ပန်းကန်တွေကို အနည်းငယ်နေရာချကာ ဆိုဂျူပုလင်းဖောက်ပြီး တစ်ခွက်စီထည့်သည်။
"ကမ်းပေ့ လုပ်ကြတာပေါ့ Jennie သောက်နေကျ ဝိုင်လိုတော့ ကောင်းမှာမဟုတ်ဘူးနော်"
Jennie မျက်စောင်းထိုးကာ ခွက်ချင်းတိုက်ပြီးမော့လိုက်သည်။လည်ပင်းထဲပူဆင်းသွားသလို အနည်းငယ်လည်း ခန္ဓာကိုယ်ဟာနွေးသွားသည်။
"အင်း မနက်ကမှ ပထမဆုံးတွေ့ကြတာနော် ဟော အခုညနေကျတော့လည်း မထင်မှတ်ဘဲထပ်တွေ့တယ် Jennie ကြည့်ရတာ ကျွန်မကို ပထမဆုံးအကြိမ် မနက်ကတွေ့ရသလောက်မစိမ်းတော့သလိုပဲ"
"ဘာလို့လဲ"
"တကယ်က မနက်ကတည်းက လက်ထပ်ဖို့ကိစ္စကိုအပြီးပြောသင့်တာ Jennie ကရှက်နေပုံရပြီး ကျွန်မလည်းအားနာတာမို့ အကုန်မဆွေးနွေးလိုက်ရဘူးလေ"
"အင်း"
"အခု မမျှော်လင့်ဘဲ ထပ်တွေ့မှ အပြီးသတ်ဆွေးနွေးနေရသလိုပဲ ရယ်ရတယ်နော် မနက်က romantic ဆန်ဆန်တွေ့ကြတယ် အခုကျ ဆိုဂျူထိုင်သောက်နေကြတယ်"
ခေါင်းခါကာရယ်ရင်း ဆိုဂျူငှဲ့ကာ Lino သောက်လိုက်သည်။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now