𝕋𝕨𝔼𝕟𝕋𝕪𝕋𝕨𝕆

890 89 10
                                    

မနက်မိုးလင်းတော့ မြေကွက်ကြည့်ရမည့်ကိစ္စရှိတာကြောင့် Jennie ထလိုက်ရသည်။ဘေးက Lino ကတော့ အိပ်ပျော်နေဆဲ။

ဖြူအုနေသောမျက်နှာချောချောမှာ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးဟာထင်းနေပြန်သည်။အိပ်ပျော်နေတုန်းတစ်ချိန်ပဲ Jennie သူ့ကိုစေတနာရှိသည်။

ရေချိုးခန်းထဲဝင်ကာရေချိုးသန့်စင်ပြီးနောက် အဝတ်အစားလဲသည်။ရေစိုနေတဲ့ခေါင်းကို Dryer မှုတ်ပြီး မိတ်ကပ်ပါးပါးကို ပြင်လိုက်သည်။

ထိုအချိန် အိပ်ယာပေါ်က Lino ဟာ လူးလွန့်လာပြီး

    "ဟင် Jennie နိုးနေပြီလား"

    "မင်းလိုသာပျင်းနေရင် company ဒေဝါလီခံသွားရနိုင်တယ်"

    "အာ နောက်မကျသေးပါဘူး ကျွန်မ မြေကွက်ကြည့်ရမယ့်နေ့ဆိုတာသိပါတယ်"

    "မြေကွက်နေရာကြည့်ပြီးရင် ငါ Design ကိုကြည့်ဖို့ Architect နဲ့ချိန်းထားတယ်"

    "ကျွန်မတစ်ခါတည်းလိုက်ပို့မယ်လေ ပြီးရင်နေ့လည်စာအတူစားမယ် ပိုတဲ့အချိန်တွေလျှောက်လည်ကြတာပေါ့"

     "မင်းကလည်ဖို့ပတ်ဖို့ပဲနော် အလုပ်ကိစ္စလာတာလည်းသတိရဦး"

    " အလုပ်အားလို့ လည်တာပဲ ပြဿနာကြီးကြီးမားမားမှမဟုတ်တာ"

      "စကားများမနေနဲ့ရေချိုးမှာမလား သွားတော့ မျက်စိနောက်တယ်"

    Lino က ပြောင်ပြပြီး ရေချိုးခန်းထဲဝင်သွားသည်။

  ထိုအချိန် Jennie ရဲ့ဖုန်းကမြည်လာတာကြောင့်ကိုင်လိုက်တော့ Jisoo Kim

    "ဟဲ့ Jennie"

     "အေး ပြော"

    "လေသံကလည်း ဟာရီကိန်းအတိုင်းပဲ ပြင်းထန်လိုက်တာ"

    "ငါ့ကိုဝေဖန်မနေဘဲ နင်ရည်ရွယ်ချက်ကိုသာပြော"

    "အမလေးဟဲ့ စိတ်နည်းနည်းရှည်ပါဦး ဒီမှာ ငါပြောမှာ ဝမ်းသာစရာစကားနော် နင်တို့ကလေးလေးသန္ဓေအောင်သွားပြီ"

Jennie လက်ဖျားတွေအေးခနဲဖြစ်သွားသည်။ကလေးလေးက သန္ဓေအောင်သွားပြီတဲ့။Lino နဲ့ သူမရဲ့သွေးသားလေးက အောင်မြင်သွားပြီတဲ့။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now