𝔼𝕚𝔾𝕙𝕋𝕖𝔼𝕟

653 92 3
                                    

Lino ဟာအချစ်ကို အကြွေးတောင်းသလိုတောင်းသည်။Jennie ဟာလည်း မသိချင်ယောင်ဆောင်နေသည်။

မနက်စာဝိုင်းဟာအထွေအထူးမဟုတ်ပေမဲ့ Jennie ပြင်ထားတာမို့ ပြည့်ပြည့်စုံစုံတော့ရှိပါသည်။

Lino တစ်ယောက်တည်းဆိုရင် ပေါင်မုန့်နှစ်ချပ် မီးကင်ပြီး ကော်ဖီနဲ့ထိုးသွတ် လိုက်တာများတယ်လေ။

    
       "Jennie ဒီမှာ အလုပ်အထွေအထူးဘာကျန်သေးလဲ"

    Jennie ကြော်ပေးထားတဲ့ kimchi ထမင်းကြော်ကို စားရင်း Lino ကပြောသည်။

       "အင်း မဖြစ်‌မနေလုပ်ရမှာတွေတော့မရှိဘူး ပုံမှန်အလုပ်တွေပါပဲ ဘာဖြစ်လို့လဲ"

       "ကျွန်မတို့ Scotland သွားဖို့လေ ကျွန်မက planning တောင်ချပြီးပြီမို့ Jennie အဆင်ပြေပြီဆိုရင် သွားကြရအောင် ကျွန်မလည်းဒီမှာ အလုပ်ပါးတုန်းလေး"

ပြောသာပြောလိုက်ရတာ ဟင့်အင်း ငါမသွားချင်သေးဘူး လို့ငြင်းလိုက်မှာ Lino ကြောက်သည်။

မျှော်လင့်နေတဲ့ Lino ရဲ့မျက်ဝန်းတွေကို Jennie စိုက်ကြည့်ပြီးပြောလာသည်က

      "အင်း သွားကြတာပေါ့"

  တော်သေးတာပေါ့ မငြင်းလိုက်လို့။‌Lino ရင်ထဲအခုမှအလုံးကြီးကျသွားသည်။

     "တကယ်လား Jennie ဒါဆို ကျွန်မ flight ticket ဖြတ်လိုက်မယ်"

      ဝမ်းသာအားရ ပြောလာတဲ့ Lino ကို Jennie ခေါင်းသာ ငြိမ့် ပြလိုက်ပြီး ‌လက်ထဲက ကော်ဖီကိုသာဆက်သောက်နေလိုက်သည်။

                  ....

         "အမယ် ထီပေါက်လာတဲ့ရုပ်နဲ့"

Company ရုံးခန်းထဲဝင်တာနဲ့ ဖိုင်တွဲတွေကိုင်ပြီး လက်မှတ်ထိုးဖို့စောင့်နေတဲ့ Anne က အရင်ရောက်နေကာ ပြောလာခြင်း။

         "ထီပေါက်လာတာမဟုတ်ဘူး Scotland သွားဖို့ ပါမစ် ရလာလို့"

        "ဘယ်လို"

နားမလည်တဲ့ Anne က ထပ်မေးတော့ Linoက ခုံမှာဝင်ထိုင်လိုက်ပြီး Laptop ကိုဖွင့်လိုက်ပြီးမှ

     "Jennie ဆီကလေ သူလည်း အထွေအထူး လုပ်စရာရှိမနေသေးလို့ သွားလို့ရတယ်ပြောလို့ ငါ မနက်ဖြန် flight ကို booking လုပ်ပြီးပြီ"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now