𝔽𝕚𝕍𝕖

948 87 19
                                    

Omma ကောင်းမှုအကြောင်းပြုပြီး Lino ဟာအိမ်မှာသောင်တင်သွားသည်။အပေါ်ထပ် Jennie ရဲ့အခန်းဘေးမှာ အခန်းပိုရှိနေတာကြောင့် Omma က Lino ကိုထိုအခန်းမှာအိပ်စေသည်။
"တောင်းပန်ပါတယ် Jennie"
အပေါ်ထပ်ဝရံတာမှာ အတူတူရပ်နေတုန်း သူကစကားစလာခြင်းဖြစ်သည်။
"ဘာကိုလဲ"
"ကျွန်မ ညအိပ်လို့ Jennie အဆင်မပြေ ဖြစ်နေတာကိုသိနေလို့"
"မဖြစ်ပါဘူး မင်းကငါ့အခန်းထဲလာနေတာမှမဟုတ်တာဘဲ"
"ဒါဆို Jennie နဲ့ တစ်ခန်းတည်းနေရင်ရော"
"ဘာပြောတယ် မင်း"
"ဟုတ်တယ်လေ ကျွန်မတို့က သဘက်ခါဆိုရင်ပဲသက်ဆိုင်ကြတော့မယ့်လက်တွဲဖော်တွေမလား
တစ်ခန်းတည်းကိုမှ တစ်သက်လုံးအတူတူသုံးရတော့မယ့်လူတွေလေ"
"အဲ့တာက အဲ့တာပဲလေ အခုမှမဟုတ်တာ"
"အဲ့ကျရင်တော့ ကျွန်မကို အခန်းထဲကနေမောင်းတော့မထုတ်ဘူးမလား"
"ဟာ.....ဘာတွေပြောနေတာလဲ"
နားရွက်တွေပါထူပူလာသည်အထိ ရှက်စိတ်ကငယ်ထိပ်တက်ဆောင့်သည်။
"ချစ်စရာကောင်းတယ်"
"ဘာပြောတယ်"
"Jennie ပါးလေးတွေ နားရွက်ဖျားလေးတွေရဲနေတာက ချစ်စရာကောင်းတယ်လို့"
Lino ဟာ Jennie ကိုဝရံတာမှာမူးမေ့လဲစေချင်နေတာများလား။jennie သူ့ကို မျက်နှာချင်းမဆိုင်ရဲတော့လို့ လှည့်ထွက်ဖို့လုပ်တော့ သူကလက်ကောက်ဝတ်ကိုဖမ်းဆွဲကာ
"Jennie"
"ဟင်"
ဘာမှမပြောဘဲ စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေဟာ တရစ်ရစ်နဲ့ ကျွံဝင်ပစ်ချင်စရာ အိုင်ငယ်လေးလိုပင်။ပြီးတော့သူက သက်ပြင်းချလိုက်ပြီး
"ဘာမှမဟုတ်တော့ပါဘူး ကောင်းကောင်းအိပ်ပါ"
"အင်း မင်းရောပဲ ‌ကောင်းကောင်းအိပ်ပါ Lino"
နှုတ်ဆက်ပြီး ကိုယ်စီအိပ်ယာဝင်ခဲ့လိုက်ကြသည်။

😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️

6Am:

Jennie နိုးလာသည်။Lino ရောနိုးပြီလားမသိ။
အိပ်ရာကထကာ စောင်ကိုခေါက်လိုက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ကာရေချိုးလိုက်သည်။အဝတ်အစားဝတ်ပြင်ဆင်ပြီး မနက်စာ စားရန်အောက်ကိုဆင်းလာတော့
"သမီး လာထိုင် ဒီနေ့ Omma သမီးအကြိုက် ကော်ဖီးခါးဆိမ့်လေးနဲ့ pancake လုပ်ထားတယ်"
Omma ကပြင်ဆင်ရင်းလှမ်းခေါ်ခြင်း။Appaကတော့ အရင်ထိုင်စားနေသည်။Linoကိုမတွေ့တော့ မကျေနပ်တဲ့ မသိစိတ်က မျက်လုံးကိုအလုပ်ပေးတော့ သတိထားမိတဲ့ Ommaကပြောသည်။
"Lino က ငါးနာရီလောက်က ထပြန်သွားတယ် ဝတ်စရာအပိုမပါလို့တဲ့ Ommaကမှာပေးမယ် မနက်စာအတူစားရအောင် ဒီကနေပဲရုံးတက်ပါလား ပြောတာကို Jennie သူ့ကိုရုံးလိုက်ပို့ရလို့ ပင်ပန်းနေပါမယ်ဆိုပြီး ပြန်သွားလေရဲ့"
"ဪ ဟုတ်"
Omma ပြင်ပေးတဲ့မနက်စာကိုစားရင်းစိတ်ထဲကတော့မကျေမနပ်ပါပဲ။သူ့ကိုလိုက်ပို့လို့ပင်ပန်းစရာလား အခုလိုလုပ်သွားတာကမှ ပင်ပန်းရတယ်ဆိုတာသူက မသိတာလား။အငယ်တွေများ။
"သမီး မစားချင်လို့လား"
Appa ကရုတ်တရက်ထမေးတော့
"မဟုတ် မဟုတ်ပါဘူး"
"မဟုတ်ပါဘူးသာပြောတာ သမီး ပန်းကန်ထဲကပန်ကိတ်တွေ သမီးခက်ရင်းနဲ့ထိုးလို့ကြေမွနေပြီ"
Appa ပြောမှ ပန်းကန်ကိုပြန်ကြည့်မတော့ ဟုတ်သည်။Lino ကိုမကြေနပ်တာက ကြားထဲက ပန်ကိတ်ကဓားစာခံ။ဆက်စားချင်စိတ်မရှိတော့မို့
လက်စသတ်လိုက်သည်။
"ဟိုလေ သမီးဒီနေ့ လေလံပွဲတက်စရာရှိလို့သွားလိုက်ပါဦးမယ်"
ဟုပြောကာ စလင်းဘတ်ဆွဲပြီးထွက်သွားတဲ့သမီးဖြစ်သူကို Mr.kim အံ့ဩနေတုန်း
"Lino နဲ့ မနက်စာအတူမစားရလို့စိတ်ဘဝင်မကျတာနေလိမ့်မယ်ဖေကြီးရေ ကြည့်မနေတော့နဲ့"
Mrs.Kim ပြောတော့ ပြုံးပြုံးကြီးနဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသူက Mr.Kim။
"ကောင်းတာပေါ့ မေကြီးရာ ကိုယ်က ကလေးတွေအဆင်မပြေမှာ မရင်းနှီးမှာစိုးနေတာ သူတို့ချင်းစီစဉ်တာမဟုတ်ဘဲ မိဘပြောတာလုပ်ခဲ့ကြတာမလား အခုလိုတွယ်တာ တာမြင်ရတော့ စိတ်ချမ်းသာတယ်"
"အမယ်လေး ဟုတ်ပတော် ကျွန်မလည်းစိတ်ချမ်းသာနေရတယ်"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now