Morning sickness ကလည်း ချက်ချင်းကြီးရတာလား။မနက်မိုးလင်း အိပ်ယာကထတာနဲ့မူးနောက်ပြီးအန်ချင်နေသည်။jisoo ပေးတဲ့ဆေးကိုသောက်ပြီး ခဏနားကြည့်သည်။မရ။စောင်ကိုအသာမဖယ်လိုက်ကာအိပ်ပျော်နေသေးတဲ့ Lino ကိုတစ်ချက်ကြည့်ပြီး ရေချိုးခန်းထဲဝင်ကာ ထိုးအန်ချလိုက်သည်။
"ရရဲ့လား Jennie"
ဘယ်တုန်းကရောက်လာဝာာလဲမသိ။သူ့ကိုလည်းပြန်မဖြေအားပါ။အန်နေရလို့လေ။
"ဘာစားမိလို့လဲ ရင်ပြည့်တာလား ဆရာဝန်သွားပြကြရအောင်လေ"
"ရတယ် မပြတော့ဘူး"
ရတယ်ပြောပေမဲ့ ခွေကျချင်နေတဲ့သူ့ကို Lino ဆွဲထိန်းထားရသည်။
"မဖြစ်သေးပါဘူး ဆေးရုံမသွားနိုင်ရင် အိမ်ပဲဆရာဝန်ပင့်လိုက်မယ်"
ပြောပြီးတာနဲ့ ထွက်သွားတဲ့ Lino ။
Jennie ဘယ်လိုပြောရမယ်တောင်မသိပါ။ခေါင်းထောင်တာနဲ့မူးသည်။ချာလည်ပတ်လည်ရမ်းနေတာမျိုး။ဆိုဂျူမူးတာတောင်ဒီလောက်မဆိုး။
"Jennie ငါပေးတဲ့ဆေးမသောက်ဘူးလား"
Lino က Jisoo ကိုခေါ်လိုက်ပုံရသည်။ရောက်တာနဲ့ အသံကအရင်ဝင်လာတာ။
"သောက်တယ်လေ"
"ဟဲ့ အဲ့တာတောင်အန်သေးသလား"
"ငါအခုမျက်စိတောင်မဖွင့်ချင်ဘူး Jisoo ငါ့ကမ္ဘာကြီးက ရိုလာကိုစတာလိုပဲ"
"အင်း သွေးပေါင်ကျ အားလည်းနည်းနေတာကိုး ငါအားဆေးထိုးပေးခဲ့မယ် သေချာတော့နားမှဖြစ်မယ်"
ထိုအချိန်lino က မုန့်ဗန်းကိုင်ကာဝင်လာသည်။
"ဆေးထိုးမှာဆိုရင်လည်း ထိုးပေးခဲ့လိုက်ပါ Jisoo shi "
"ငါ ဆေးမထိုးချင်ဘူး"
"လိုအပ်လို့ထိုးရတာပဲ Jennie..ဒါနဲ့ ဘယ်လိုဖြစ်လို့ တအားမူးပြီးအန်နေရတာလည်း Jisoo shi အစာမကြေ ရင်ပြည့်လို့လားး"
"အာ အဲ့တာက ကိုယ်ဝန်ကြောင့်လေ"
ဗုဒ္ဓေါ ...နားကလေထွက်နေတာလား။ငါဘာတွေကြားနေတာလဲ ကိုယ်ဝန်တဲ့လား။
![](https://img.wattpad.com/cover/363611663-288-k685329.jpg)
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanfictionပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့တစ်ခြား ပိုပြီးချစ်မြတ်နိုးပေးပါ ...