𝕋𝕨𝔼𝕟𝕋𝕪𝕊𝕖𝕍𝕖ℕ

867 111 14
                                    

တစ်ညလုံးပြန်မလာတဲ့ Lino ကြောင့် Jennie မှာလည်တဆန့်ဆန့်။ဘယ်တွေသွားနေတာလဲ။ပြန်ပေးဆွဲခံရအောင်လည်း လူမုန်းခံရတဲ့လူမှမဟုတ်တာ။နောက်မီးလင်းနေတာလားလို့တွေးရအောင်လည်း Lino ကိုမယုံကြည်ရလောက်တဲ့အထိ Jennie သဝန်မကြောင်ပါ (သဝန်တော့တိုတတ်ပါသည်)။ဒါဆိုဘာလို့လဲ။

ဘာတွေမှားလို့လဲ Lino ငါကလေးယူလိုက်တာကိုမင်းသဘောမတူတာလား။ဒါဆို အခု ငါဘာလုပ်ရမလဲ။

လက်သီးကိုဆုပ်လိုက်ဖြန့်လိုက် ရှေ့လျှောက်နောက်လျှောက် ဂနာမငြိမ်နိုင်။

ခြံထဲကားဝင်လာသံကြားမှ ဧည့်ခန်းထဲက ဆိုဖာပေါ် ပြေးထိုင်လိုက်ရသည်။

"Jennie"

လာပါပြီ လာပါပြီ စိတ်ရှိတိုင်းသာဆို ဘယ်ကိုသွားတာလဲ ဘယ်ကပြန်လာတာလဲ ငါတစ်ယောက်တည်းအဆင်မပြေဘူးဆိုတာမသိဘူးလား ငါစိတ်ပူနေမှာမသိဘူးလား ဆိုပြီး လားပေါင်းများစွာ လဲပေါင်းများစွာမေးရင်း ရင်ခွင်ထဲဝင်ပြီးထုရိုက်ချင်သည်။

သို့သော် လက်တွေ့မလုပ်ဖြစ်ခဲ့။ကျချင်နေတဲ့မျက်ရည်တွေတောင် လက်သီးတင်းတင်းဆုပ်ပြီးတောင့်ခံနေခဲ့တာလေ။

"ညကမအိပ်ဘူးလား ဒီမှာထိုင်နေခဲ့တာလား"

ဟုဆိုကာ Jennie နားဝင်ထိုင်လာသည်။ထို့နောက် Long coat ကိုချွတ်ကာ Jennie ကိုထွေးပွေ့သည်။

"ပင်ပန်းနေမှာကို ‌နားနေသင့်တယ်"

"မင်း...."

စကားကိုအဆုံးထိမေးခွင့်မပြုဘဲ နှုတ်ခမ်းတွေနဲ့ပိတ်သည်။Lino ရယ် မင်းငါ့ကို ရူးစေချင်နေတာလားပဲ။

"ပြွတ်စ်"

အသံထွက်တဲ့အထိကိုနမ်းလိုက်တာမို့ Jennie မျက်နှာရဲခနဲ။Lino က Jennie မျက်ဝန်းတွေထဲသေချာကြည့်ကာ

"ကျွန်မ တစ်ညလုံး ဟန်မြစ်ဘေးမှာထိုင်နေခဲ့တာ ဘယ်သူနဲ့မှ အတူမရှိခဲ့သလို ဘာမှလည်းမလုပ်ဘူး ဘာလို့သွားတာလဲဆိုတော့ Jennie က ကျွန်မကိုအကြီးမားဆုံးလက်ဆောင်ပေးခဲ့တာလေ ဝမ်းသာလို့ယုံတောင်မယုံနိုင်သေးဘူး ကျွန်မ မိဘကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလားစိုးရိမ်မိတယ် ကျွန်မစိတ်တွေ မွန်းကြပ်နေခဲ့ရလို့ပါ"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now