𝕋𝕨𝔼𝕟𝕋𝕪

840 86 13
                                    

ကျေးဇူးတော်ကြောင့် Jennie အထုပ်အပိုးတွေကို ကတိုက်ကရိုက်ပြင်ဆင်ရသည်။ကြိုပြောသင့်တာလေ လနဲ့ချီကြာနိုင်တဲ့ ခရီးစဉ်ကို အလွယ်လေး ကောက်ထည့်သွားလို့မရဘူးမလား။သိုပေမဲ့အခုတော့ ရအောင်လုပ်ရတော့မည်။

ပြီးတော့ ကိုယ့်အထုပ်ပဲဆိုရင်လည်းတစ်မျိုး။သူ့အတွက်ပါ အဆစ်ထပ်ဆောင်းပြင်ပေးရဦးမယ်။
Jennie ကိုယ်ထဲကိုယ် တဗျစ်တောက်တောက်ပြောနေရင်း Lino ရဲ့ အဝတ်အစားတွေ Luggage ထဲထည့်ရန် ဗီရိုကိုဆွဲအဖွင့် ထွက်ကျလာတဲ့ ဖိုင်တွဲအပြာရောင်လေး။

Jennie အံ့ဩစိတ်နဲ့မျက်ခုံးတစ်ဖက်ကိုတွန့်လိုက်ပြီးမှ ကောက်ယူကာ ဖွင့်ကြည့်လိုက်တော့။
ဖန်ပြွန်သန္ဓေယူရန် အတွက်အတော်ဆုံးဆရာဝန်ရဲ့နာမည်တွေ အကောင်းဆုံးဆေးရုံရဲ့ panphalt တွေ ဆောင်ရန်ရှောင်ရန်တွေ စသဖြင့်။

      "ဟင် ဘာလဲ ဒါဆို Lino က ကလေးလိုချင်နေတာလား"

ထိုဖိုင်တွဲကိုကိုင်ကာ Jennie တစ်ယောက်တည်းပြောလိုက်မိသည်။

Jennie ရင်ထဲ သားသမီးဟူသောအတွေကိုတစ်ခါမှမတွေးခဲ့ဖူးပါ။အပျိုတုန်းကလည်းမတွေးခဲ့ဖူးသလို လက်ထပ်ရမည့် အိမ်ထောင်ဖက်က ကိုယ်လိုပဲ အမျိုးသမီး တစ်ယောက်ဆိုတာသိလိုက်ရပြီးနောက် ပိုလို့တောင်စိတ်မကူးခဲ့ဖူးဘူး။

အခု Lino က ကလေးလိုချင်နေတာ Jennie သိလိုက်ရတော့ ရင်ထဲပျော်သလို မပျော်သလို အေးသလိုနွေးသလိုဖြစ်သွားသည်။အခုထိတော့ Lino ဘက်ကနေ ကလေး ဟူသော စကားသံကို Jennie မကြားရသေးဘူး။ယူကြရအောင်လို့ ဖွင့်ပြောလာသည်အထိ စောင့်နေရမလား။

ဒါဆို Jennie Kim မပီသရာကျမှာပေါ့။

..............................

     "ဘာပြောတယ် ကလေးယူချင်လို့ဟုတ်လား Jennie ဒီလို ငါ့ရုံးခန်းထဲရောက်ချလာပြီး ကလေးအကြောင်းမေးနေတာ နင် နင် ဧကန္တ ဆေးမှားသောက်မိတာလား  "

အစကတော့ပိုက်ဆံကို မလို အပ်ဘဲအပိုဖြုန်းရင်ကြာလာရင်မွဲမယ်လို့ တရားချခဲ့တဲ့ Jennie ဟာ luggageနှစ်ခုလုံးကို စဉ်းစား၍ရသမျှ စုပြုံထည့်လိုက်ပြီး လိုတာကို ရောက်မှသာဝယ်တော့မည် လို့ဆုံးဖြတ်လိုက်‌ တော့သည်။လူမသေ ငွေမရှားပဲပေါ့။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now