𝕊𝕖𝕍𝕖ℕ

622 64 4
                                    

Jazz very ကနေ တခြားတီးလုံးပြောင်းသွားတော့ ကနေရာကနေရပ်လိုက်သည်။
"Jennieခဏစောင့်နော် ကျွန်မ ကိတ်မုန့်လာပေးဖို့သွားပြောလိုက်ဦးမယ်"
"အင်း"
Lino ထွက်သွားတော့ Jennie ရှန်ပိန်တစ်ခွက်ကိုထပ်သွားယူကာမော့လိုက်သည်။‌ စောစောက feeling ,တန်းလန်းကြီးကို ရှန်ပိန်နှင့်မျှောကာသိမ်းရသည်။ သိပ်မကြာ ကိတ်မုန့်နှင့်အတူ Lino ပြန်ထွက်လာသည်။ အရမ်းတော့မကြီး။ 4လက်မလောက်သာရှိသည့်ကိတ်မုန့်လေး။အေးပေါ့လေ အကြီးကြီးလုပ်ဖို့သူမှအချိန်မရတာ။ ဒါတောင်အတင်းအချိန်လု ပြီး လုပ်ပေးတာမို့ကျေးဇူးတင်ရပါတယ်။
"သဘောကျရဲ့လား Jennie"
"ကလေးကလားနဲ့"
တကယ်က ကြိတ်ပြီး သဘောကျနေခဲ့တာပါ။ရိုးရှင်းလွန်းတဲ့သူမို့လားမသိဘူး Lino က ဘာပေးပေး မေတ္တာ အခြေခံပြီးသာပေးသည်။ဒါကလည်း Jennie လိုအပ်တာမျိုးပဲလေ။ ချမ်းသာပြီးသားလူအတွက် တန်ဖိုးကြီး luxury ပစ္စည်းတွေထက် မေတ္တာ စေတနာ အစစ်အမှန်သာလိုသည်လေ။
   "လှီးလေ Jennie"
သူ‌ ပြောသလိုလှီးပြီး ကိတ်ကိုအပြန်အလှန်ခွံ့တော့ camera မီးတွေကတဖျပ်ဖျပ်နဲ့ မှတ်တမ်းတင်သည်။

😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️

ပွဲပြီးတော့ Jennie တို့အိမ်ပြန်ခဲ့ကြသည်။မိဘအိမ်တွေမှာမနေချင်ကြတဲ့သူချင်းမို့ အိမ်ခွဲနေချင်တာက ထပ်တူကျသည်။
        "Jennie အိမ်မှာလိုတယ်ထင်တာရှိရင် ထပ်ဖြည့်နော် ကျွန်မက အဲ့လိုအမြင်သိပ်မရှိဘူးရယ်"
       "အင်း ဖြည်းဖြည်းချင်းပေါ့"
       "အဝတ်အစားလဲမလို့လား ကူပေးမယ်လေ"
ဗုဒ္ဓေါ  Jennie ကိုသူကလာနောက်နေတာလား။ပြောပြီးတာနဲ့ Jennie ရဲ့ ရင်ဟိုက် dress ကဇစ်ကိုလာဆွဲချသည်။ကျောပြင်တင်အေးသွားတာမဟုတ်ဘူး အသဲပါအေးသွားတာ။
      "ရ ရပါတယ် ငါ့ဘာသာလုပ်မှာမို့ မင်းရေချိုးရင် အရင်ချိုးလိုက်"
     "ကျွန်မကိုရှက်နေတာလား Jennie ကျွန်မတို့ကလက်ထပ်ပြီးသားဇနီးမယားတွေပါ ပြီးတော့ ဒါကျွန်မတို့မင်္ဂလာဦးည ဒီလိုရှက်နေရင် ကျွန်မဘယ်လိုလုပ်ရမလဲ"
     "ဘာပြောတယ်"
   ရှက်စိတ်မွှန်နေတဲ့ Jennie ဟာ ပန်းသီးလေးလိုရဲတွတ်နေတာမို့ အရမ်းကိုချစ်စရာကောင်းသည်ဟု Lino မြင်မိသည်။ထို့ကြောင့်သူမကို ချစ်စနိုးနဲ့ပို စ လိုက်သည်။
       "ကျွန်မဘာကို ဆိုလိုလဲဆိုတာ Jennie သိပါတယ် ဒါမှမဟုတ် စီးပွားရေးသမားချင်း အတူတူ လက်တွေ့အကောင်အထည်ဖော်လိုက်ကြမလား"
     "မင်း မင်းရေသွားချိုးတော့ Lino"
   "ဘာလဲ ချွေးစော်နံလို့လား ပြီးမှ ချွေးစော်နံနေတဲ့ ကျွန်မက သိပ်ကိုကောင်းပါတယ်လို့မပြောနဲ့နော်"
     "yarr.....Lino Ban"
    "ချွေးနံ့လေးနဲ့မှ သဘာဝကျမှာပေါ့ မိန်းမရယ်"
 
ဝှီးခနဲပျံလာတဲ့ toner ပုလင်းကို Lino ရှောင်ချိန်မရလိုက်။
    "အမလေး သေပါပြီ"
   နဖူးပြောင်နဲ့ပုလင်းမောင် မိတ်ဆက်ပြီး သွေးဟာဖြာခနဲ။
   "ရက်စက်လိုက်တာ Jennie ရယ် မင်္ဂလာဦးညမှာ နဖူးပေါက်တာသိပ်တော့အဆင်မပြေနေဘူး ကျွန်မရေသွားချိုးတော့မယ်"
     "အစကတည်းက သွားချိုးရင် နဖူးပေါက်စရာ အကြောင်းမရှိဘူး မင်း"
    "ဟုတ်ပါပြီ ကျွန်မလွန်တာပါ"
ဟုပြောကာနဖူးကို လက်နဲ့ဖိပြီးရေချိုးခန်းထဲ ဝင်သွားသော Lino။ အမြဲ Jennie ကို လူဆိုးမကြီးဖြစ်အောင်လုပ်တယ်။ Jennie ကလည်း Jennie ပဲ ဆက်ဆက်ထိမခံ စွာတေးလန်။သို့ပေမဲ့ အသည်းကတော့ထင်သလောက်မမာပါ။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now