𝔽𝕚𝕗𝕥𝔼𝕖ℕ

625 79 10
                                    

ဒါဟာ ဘယ်လိုခံစားချက်မျိုးလဲ။ရင်ထဲမှာ ငရုပ်သီးစားထားသလို ပူစပ်ပူလောင်ကြီး။ဖုန်း screen မှာမြင်နေရတဲ့ပုံရိပ်တွေဟာ တကယ်မဟုတ်ပါဘူးလို့ လာပြောပေးမည့်လူကို Jennie တကယ်လိုအပ်နေသည်။ဂျီမင်ကို ခိုင်းခဲ့တာမို့ edit လုပ်ထားတာလည်းမဖြစ်နိုင်။ဘာတွေလဲ Lino ဘာတွေလဲ။

Anne နဲ့အတူတူထိုင်ကာ ဆိုဂျူသောက်နေတဲ့ပုံတွေအပြင် နောက်ဆုံးတစ်ပုံမှာ Anne က Lino ဘက်ကိုထသွားပြီး Lino ပါးကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး နမ်းနေသည့်ဟန်။လက်တွေပါတုန်လာသည်။ အဲ့လိုမရှင်းမရှင်း ဇယားတွေရှိရင် ဘာလို့ လက်ထပ်ခဲ့သလဲ။ Jennie သိခဲ့သလောက်က Lino ဟာ အနေအေး တည်ကြည်သူတစ်ယောက်ပါ။

စိတ်ရှိတိုင်းသာဆို အခုချက်ချင်း Airport ကိုဖုန်းဆက်ပြီး Seoul ကိုသွားမယ့် ticket ကိုမှာကာ ပြန်ချင်သည်အထိ။သို့သော် အလုပ်က မပြီးးပြတ်သေး ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိုတော့ Jennie သေချာပေါက်ခွဲထားနိုင်ပါသည်။
ဖုန်းကိုပိတ်လိုက်ပြီး စားသောက်ဆိုင်ကနေJennie ထွက်ခဲ့သည်။

⭐⭐⭐⭐⭐⭐⭐⭐⭐⭐

မနက် ၇ နာရီ။

Company သွားရမည်မို့ Lino သေချာပြင်ဆင်နေသည်။တီရှပ်အဖြူကို ကာကီရောင် စတိုင်ပန်လေးနဲ့တွဲဝတ်ပြီး ဆံပင်အတိုတွေကို hair coat တင်သည်။လက်ကောက် ဝတ်နဲ့ လည်တိုင်မှာ အသဲအသက်လေး စွတ်စေချင်တဲ့ Channel Coco perfume လေးဖြန်းလိုက်သည်။Lino က တော်ရုံ perfume မသုံးတတ် ခေါင်းကိုက်တတ်လို့။သို့ပေမဲ့ သဲသက်ညှာလေးက သုံးပါပြောလို့။ အပြင်အအေးဒဏ်ကို အံတုဖို့ အညိုရောင် long coat ကိုဆွဲယူပြီး ပြင်ဆင်ခြင်းအဆုံးသတ်လိုက်ကာ မနက်စာစားရသည်။

မနက်စာစားရင်း သတိရမိသည်က Jennie ။ဖုန်းဆက်ကြည့်ဦးမှ ......

"Dialling...................."

"ဟယ်လို"
"Jennie morning ဘာတွေလုပ်နေလဲ အလုပ်ရောအဆင်ပြေရဲ့လား"

ဖုန်းဝင်လာလို့ကြည့်လိုက်မိကတည်းက Jennie မကိုင်ဘူး လုပ်နေတာ။သို့သော် မနေနိုင်သော နှလုံးသားကစေခိုင်းမှုအရ လက်က တုန့်ပြန်မိသွားခြင်း။တကယ့် စိတ်အလိုအရဆို တစ်စ စီဆွဲဆုတ်ပစ်ချင်နေသည်။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now