ℕ𝕚ℕ𝕖

686 74 5
                                    

Company လည်းမသွားဖြစ်သည်မို့ စာကြည့်ခန်းထဲဝင်ပြီး Jennie laptop ဖွင့်ကာ project အတွက် ပြင်ဆင်စရာရှိတာတွေပြန်ကြည့်နေလိုက်သည်။
"Jennieနေ့လည်စာ စားကြရအောင်လေ"
တမနက်လုံးပျောက်‌နေပြီးမှ မှ အခုမှရောက်လာသော Linoကို Jennie မျက်မှောင်ကုပ်ပြီးကြည့်လိုက်သည်။
"ဘယ်ကပေါ်တော်မူလာတာလဲ"
"အမ် ကျွန်မကဘယ်သွားလို့လဲ ခြံထဲမှာ ပန်းလေးတွေသွားပျိုးနေတာပါ Jennie ကြိုက်မယ်ထင်တာလေးတွေပေါ့ Daisy ကအဓိကပျိုးပင်ပါ"
Jennie ဘာမှပြန်မပြောဘဲ laptop ကိုပိတ်လိုက်ပြီး
"ထမင်းစားမှာမလား သွားကြတာပေါ့"

ထမင်းစားခန်းထဲ‌ ရောက်သော် လာခေါ်သူက
Lino ဆိုပေမဲ့တကယ်တမ်းပြင်ဆင်နေရတာ Jennie။
"စားလို့ရပြီ ထိုင်"
"အဒေါ်ကြီးက ကျွန်မအကြိုက်တွေချက်ပေးသွားတာပဲ"
တနေ့လုံးစာချက်ပြီးသည်နှင့် အဒေါ်ကြီးက Kim အိမ်တော်ကို ပြန်သွားသည်။အခု Jennie တို့ က ချက်ထားပြီးသည်များကို ပြန်နွေးပြီး စား
ခြင်းဖြစ်သည်။
"ငါချက်ရင်တော့ ဂျေးများဖို့မစဉ်းစားနဲ့"
"အင်းပါ ကျွန်မ စားမှာပါ"
ထမင်းအတူထိုင်စားရင် စားမဝင်လောက်ပါဘူးဆိုတဲ့ Jennie က တကယ်တမ်းအတူထိုင်စားရတဲ့အခါ အာရုံတွေက Lino ဆီမှာ အရိပ်တကြည့်ကြည့်။စိတ်ထဲကနေ ဟင်းတွေ ကိုလည်းခပ်ထည့်ပေးနေတာအကြိမ်ကြိမ်။လက်ကတော့မပါ။ရုပ်ကတော့တည်နေဆဲ။

"ဘယ်တော့ ဩဇီ သွားမှာလဲ Jennie"
"သဘက်ခါလောက် ပေါ့ flight ticket ဖြတ်ထားပြီးပြီ"
"ကျွန်မတစ်ယောက်တည်းမ ကျန်ခဲ့ချင်လို့ လိုက်လို့ရလား"
"မင်းက ကလေးလား ငါ့ဂါဝန်စဆွဲပြီးလိုက်နေရအောင်"

ဟုပြောလိုက်ပေမဲ့ Luggage ထဲဆန့်ရင် သိမ်း
ထုပ်ပြီး ခေါ်သွားချင်တဲ့စိတ်က မသိစိတ်မှာအပြည့်ပဲ။

"အလကားပြောတာပါ Jennie ရယ် ကျွန်မလည်း အရေးကြီးတဲ့ လုပ်စရာလေးတွေရှိနေပါတယ် မလိုက်အားတာမို့ အတင်းကြီးရန်မထောင်ပါနဲ့"

"မင်းနဲ့ အတူလုပ်ရမယ့်ဟာကရော Scotland က project ဆိုတာ"
   "Ah..အဲ့တာက Jennie ပြန်လာပြီးမှ လုပ်ကြတာပေါ့"
   "အခုနည်းနည်းလောက် ငါသိထားတော့မကောင်းဘူးလား"
     "ခေါင်းရှုပ် သွားမှာစိုးလို့ အခုလုပ်ရမယ့်ဟာကိုပဲ အရင်အာရုံစိုက်စေချင်တယ်"
   "ပြီးတာပဲ"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now