𝕊𝕚𝕏𝕥𝔼𝕖ℕ

807 85 17
                                    

စိတ်မြန်လက်မြန်မှ မရှိရင် Jennie လို့မခေါ်ဘူး။အလုပ်ပြီးတာနဲ့ ရရာ‌ flightနဲ့ ဟန်းဂုပြန်လာတာ အခုတော့ ညနှစ်နာရီကြီးမှာ Taxi စီးနေရသည်။

အိမ်ရောက်တော့ သုံးနာရီခွဲနေပြီ။တံခါးဖွင့်ပြီး luggage ဆွဲကာ ဝင်လာလိုက်သည်။

သူများသားသမီး‌တွေ ကတော့ အပြစ်မရှိသူလိုပင် အိပ်မောကျနေသည်။Jennie ကုတင်ဘေးအသာဝင်ကာ ထိုင်လိုက်သည်။

ကလေးသာဆိုရင် တုတ်နဲ့ ဟိုဘက်လှည့်စောင်းအိပ်နေတဲ့တင်ပါးကို ခပ်နာနာလေးတီးချင်သည်။
Anne နဲ့က ငယ်သူငယ်ချင်းတွေပါလို့ပြောပေမဲ့ Jennie ဆိုတဲ့မိန်းမက Lino အပေါ် လေ လာတိုက်ရင်တောင် လေနဲ့သဝန်တိုမယ့် မိန်းမမျိုး။

သိုပေမဲ့ ချစ်ခြင်းတရားတွေ‌ကို ထုတ်ဖော်ဖွင့်ပြပြီး ချွဲနွဲ့ချစ်နေချင်တဲ့မိန်းမမျိုးတော့မဟုတ်။ဒီတိုင်းလေးပဲ ဒီတိုင်းလေးပဲ ရုပ်တည်တည်နဲ့နေချင်တယ်။Jennie ဟာ မာနခေါင်ခိုက်နေတတ်တာလည်း မွေးကတည်းကပါလာတဲ့ရောဂါ။

မသွားပါနဲ့လို့ အရဲစွန့်ပြောလိုက်တာတောင် သွားခဲ့တဲ့ အဆိုးအဆာ။ပြီးတော့ Anne နဲ့။မြင်ထားခဲ့ရတဲ့ပုံရိပ်တွေ။ Jennie စိတ်တွေ ရှပ်ပြေးရင်း ရူးမသွားအောင် အတင်း သတိကပ်နေရသည်။

"ဟင် Jennie"

တင်ပါးလွှဲထိုင်ရင်း သူ့ကိုငေးရင်း အတွေးလွန်နေတာဘယ်လောက်ကြာသည်မသိ သူခေါ်သံကြာမှ Jennie သတိရသည်။

"အင်း"

"ဟာ တကယ်ကြီးပဲ ကျွန်မက အိပ်မက်ထင်နေတာ"

လက်တွေကိုဆွဲကိုင်ရင်း Lino ကပြောလာသည်။
Jennie ကရုန်းလိုက်ပြီး

"အိပ်မက်ထင်ရင်လည်း ဆက်အိပ်လေ"

"ဘယ်ချိန်ထဲကရောက်တာလဲ"

"3 ခွဲကတည်းက "

"တစ်ယောက်တည်း Taxi စီးလာတာပေါ့လေ"

"အင်းလေ ငါကဒီအချိန်ကြီး ငါ့အတွင်းရေးမှူးကိုဖုန်းဆက်ရမှာလားး သူများအိပ်ကောင်းတဲ့အချိန်ကြီး ငါအဲ့လောက် လူမှုရေးမခေါင်းပါးဘူး"

"ဂျီမင် ကိုမဆက်ချင်ရင်တောင် ကျွန်မကိုတော့ဆက်သင့်တယ်လေ ကျွန်မလာကြိုမှာပေါ့"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now