𝔽𝕠𝕌ℝ

591 64 7
                                    

Australia project မတိုင်ခင် wedding ပြီးမြောက်ချင်သည် မို့ အလျင်အမြန်ပင်စီစဉ်ရသည်။လက်စွပ်ရွေးတာကို Linoလုပ်ပြီး ဝတ်စုံကိုတော့ Jennie ရွေးသည်။company မှာလည်းအလုပ်တွေရှုပ်ကာ ကိုယ်အားရင်သူမအား ဖြစ်နေတော့ Lino နဲ့မတွေ့တာ နှစ်ပတ်ကျော်နေပြီ။ခပ်ပါးပါးတော့သတိရတာပေါ့လေ။ဒီနေ့တော့ ညစာအတူစားဖို့ Lino ကချိန်းထားတာမို့ Jennie အလုပ်စောစောဆင်းကာ ချိန်းထားရာနေရာသို့‌သွားရသည်။
 

ညစာစားဖို့ booking လုပ်ထားတဲ့ restaurant ကိုရောက်တော့ သူ့ကိုအရင်တွေ့လိုက်ရသည်။
         "ရောက်နေတာကြာပြီလား Lino"
      Jennie ထက်အရင်ရောက်နှင့်နေတဲ့သူ့ကိုအားနာသလိုမေးတော့ နွေးထွေးစွာပြုံးပြလာသည်။
       "မကြာသေးပါဘူး Jennie ဘာမှာမလဲ"
         "Steak ပဲစားမယ်  ဒါနဲ့ ငါတို့ ဝိုင်သောက်ကြမလား"
       "သဘောလေ ကျွန်မကအဆင်ပြေပါတယ်"
         "အင်း "
         "သဘက်ခါဆို ကျွန်မတို့ လက်ထပ်ပွဲပဲနော်"
        "အင်း ဟုတ်တယ်"
        "ကျွန်မစိတ်ထဲ Jennie အဆင်သင့်မှ ဖြစ်ပါမလားစိတ်ပူမိနေတာ"
      "ကျေးဇူးတင်သင့်တာပေါ့"
   "ကျွန်မတကယ် စိတ်ပူတာပါ"
     "ငါသွားမယ့် Australia project က မင်္ဂလာပွဲပြီးတာနဲ့တန်းသွားရမလိုဖြစ်နေတယ်"
     "ဟင်"
   "ဟုတ်တယ် Lino ပြိုင်ဘက် company ကလက်မဦးခင်ငါအရင်ဦးမှဖြစ်မယ်"
     "ဘာproject မို့လို့လဲ"
     "အင်း အဲ့တာကလျှို့ဝှက်ချက် အောင်မြင်ရင်တော့ အကျိုးအမြတ်က Billion ချီပြီးရမှာ"
  Lino ပြုံးမိလိုက်သည်။Jennie ကအလုပ်နဲ့ပတ်သက်ရင် လူမရွေးဘူးဘဲ သတိကြီးပုံများ။ကိုယ့်ကိုတောင် မပြောဘူး လျှို့ဝှက်ချက်တဲ့။

      "အဲ့လောက်ငွေတွေရှာပြီး Jennie ဘယ်မှာသုံးမလို့လဲ"
     "တို့က ငွေရှာတာမဟုတ်ဘူး အလုပ်လုပ်ချင်ရုံပဲ ငွေကသာ အလုပ်လုပ်နေတဲ့တို့နောက်လိုက်လာတာ"
      "Jennie ကစကားတတ်တယ်နော်"
      "......."
Steak လှီးဖြတ်နေတဲ့တဲ့ Jennie လက်ကလေးကိုအသာတားကာ လှီးပြီးသားကိုယ့်ရှေ့က ပန်းကန်နဲ့ Lino လဲပေးလိုက်သည်။
     "လှီးပြီးသားလေးဆိုတော့ ဗိုက်ဆာနေတဲ့ Jennie ပိုပြီးမြန်မြန်လေးစားလို့ရ‌တာပေါ့ မဟုတ်ဘူးလား"
    ပြောပြီး သူ့ဟာသူ steak ကိုလှီးစားနေတဲ့ Lino ကိုကြည့်ပြီး Jennie ရင်ထဲ တလွင့်လွင့်။တမျိုးလေးပဲ တကယ်ကို တမျိုးလေးပါပဲ။အသားစလေးကိုထိုးလိုက်တဲ့ ခက်ရင်းတောင် မသိမသာလွဲသွားစေနိုင်တဲ့ ခံစားမှု ကဖြတ်သန်းသွားသည်။ ဝိုင်ကို တစ်ငုံယူသောက်လိုက်ပြီး

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now