𝕋𝕨𝔼𝕟𝕋𝕪𝔽𝕠𝕌ℝ

571 88 7
                                    

ဘာလိုလိုနဲ့ Scotland ရောက်နေတာတစ်လလောက်တောင်ရှိနေပြီ ပရောဂျက် ကလည်း အစပျိုးသင့်သလောက်ပျိုးပြီးပြီမို့ စတင်လုပ်ကိုင်ရုံသာရှိသည်။

ယာယီရုံးခန်းထဲ Jennie ထိုင်ကာတွေးနေတုန်း ဖုန်းကဝင်လာသည်။

    "ဟယ်လို"

     "Jennie Kim နင်ဘယ်တော့ပြန်လာမှာလဲ နင့်ကလေးကိုဒီတိုင်းထားထားမလို့လား"

တော်တော်အာပြဲတဲ့ Jisoo Kim နားကိုအူသွားတာပဲ။

    "ဖြေးဖြေးပြောလည်းဒီစကားပဲကို လိပ်ပြာလွင့်အောင်အော်နေရသလား ငါပြန်လာမှာ"

    "ဘယ်နေ့လဲ ဘယ်တော့လဲ နင့်ကိုမျှော်နေရတာ နင်ကလေးတော့မသိဘူးငါတော့ ကုလားအုတ်ဖြစ်တော့မယ်"

    "ဟဲ့ အပိုတွေပြောမနေစမ်းပါနဲ့ ငါပြန်ရောက်ရင်ခေါ်လိုက်မယ် ဒါပဲ"

တကယ်က Jennie မနက်ဖြန်ပြန်ဖို့စီစဉ်ထားပြီးသားပါ။လတ်မှတ်လည်းဖြတ်ပြီးသလို အဆင်သင့်လုပ်ထားပြီးသား။

  "ဟဲ့ နင့်ကိုငါပြန်လာမယ်လို့ပြောပြီးပြီလေ ဘာတွေထပ်ပြောမလို့လဲ"

ချပြီးကာမှ ထပ်မြည်လာတဲ့ဖုန်းကြောင့် နာမည်မကြည့်ဘဲအော်လိုက်တာ

    "ကျွန်မပါ Jennie Lino ပါ"

ဖုန်းခွာကာကြည့်လိုက်တော့ ဟုတ်ပ။

    "ကဲပြော မင်းကဘာပြောမလို့လဲ"

    "ဘာတွေစိတ်မရှည်ဖြစ်နေလဲတော့ကျွန်မ မသိပေမဲ့ စိတ်တိုရင် တစ်ရက်ပိုအိုတယ် အောက်မှာ ကျွန်မစောင့်နေမှာမို့ ဆင်းလာပြီး ကော်ဖီဖြစ်ဖြစ်သောက်ရအောင်"

အင်း နည်းနည်းလည်းနုံးနေတာမို့ ကဖင်းဓာတ်ဖြည့်ရန် သဘောတူလိုက်သည်။

    "မင်းက ဘယ်ကပြန်လာတာလဲ"

   " ဆိုက်ဒ် ထဲသွားကြည့်တာပါ ဖောင်ဒေးရှင်းပြီးနေပြီလေ မဆိုးဘူးပြောလို့ရတယ်"

ကားမောင်းရင်း အေးဆေးစွာ Lino ဖြေလာသည်။

    "ဘာ မင်းက ဆိုက်ဒ်ထဲထိသွားနေတာလား ဦးထုပ်တွေဘာတွေရောဆောင်းရဲ့လား"

    "ဆောင်းပါတယ် ဘာလဲ ကျွန်မကိုစိတ်ပူလို့လား"

    "မပူပါဘူး အခုက အတူတူထွက်လာတာဆိုတော့ မင်းတစ်ခုခုဖြစ်ရင်ငါပဲ ခေါင်းခံရမှာလေအဲ့လိုတော့ အစအဆုံးတာဝန်မယူနိုင်ပါဘူး"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now