𝕋𝕠𝕎

676 72 5
                                    

Jennie Company ကိုပြန်ရောက်သော်လည်း စိတ်ကစားသောက်ဆိုင်မှာ ကျန်ခဲ့သည်။သူကဘယ်သွားမှာလဲ။ဘာကိစ္စရှိနေလို့လဲ။Ah.... Jennie Kim အသိလေးဘာလေးကပ်စမ်းပါ။ဘယ်တုန်းကသူများကိစ္စစိတ်ဝင်စားတတ်သွားတာလဲ ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ။
  
     မျက်စိပျက်မျက်နှာပျက်နဲ့ ခေါင်းတခါခါလည်တစ်ခါခါဖြစ်နေသည့်အပြင် ရပ်‌ကြည့်နေစဉ်အတွင်းမှာပဲ CEO ဟာ ခေါင်းကိုလက်သီးဆုပ်နဲ့အခါခါထုနေတာကြောင့် အတွင်းရေးမှူးမလေးမှာလန့်လာသည်။ဘုရား ဘုရား ဒါက ဘယ်လိုအခြေအနေမှာလဲ ငါ့ကိုရောဘယ်ချိန်ထအော်မှာလဲ။ တကယ်ပါနော်နေရထိုင်ရကြပ်လိုက်တာ။တွေးလို့မှမဆုံးသေး
        "ဂျီမင်"
ဗုဒ္ဓေါ ငါ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပြီဟ။
     "ဟုတ်ကဲ့ CEO"
     

     အသံတွေပါတုန်နေသော ဂျီမင် ကိုကြည့်ကာ Jennie အံ့ဩသွားသည်။
     "နင်ကဘာဖြစ်နေတာတုန်း အသံကတုန်တုန်ယင်ယင်နဲ့"
   " ဘာ ဘာမှမဖြစ်ပါဘူး CEO"
     "သေချာသလား"
    "ဟုတ်ကဲ့ ဘာခိုင်းချင်လို့လဲ CEO"
   "တခြားမဟုတ်ပါဘူး ညနေပိုင်း Schedule မှာအရေးကြီးတာရှိသလားလို့မရှိရင် ဖျက်ချင်လို့"
    "ဒီနေ့မှာတော့မရှိ‌တော့ပါဘူး"
   "ကောင်းပြီလေ ဒါဆို ငါပြန်မယ် မနက်ဖြန် ဝိုင်အတွက် အသီးကုန်ကြမ်းတွေရောက်မှာမလား"
   "ဟုတ်ကဲ့"
        "အေး ကုန်ကြမ်းဂို‌ ထောင် ဘက်သွားစစ်ကြတာပေါ့ အပြိုင်အဆိုင်တွေပေါနေတဲ့ခေတ်မှာ က
Quality ကျလို့မရဘူး"
     "ဟုတ် CEO"
       "ဒီနေ့တော့ ဂျီမင်လည်း စောစောရုံးဆင်းလိုက်ပါ Sunday မဟုတ်လား"
ပြောချင်ရာပြောပြီး ကားသော့ဆွဲကာထွက်သွားသော CEO ကိုကြည့်ကာ ဂျီမင်မှာ မျက်လုံးအပြူးသား။ဘာဆေးတွေများမှားသောက်လာပါလိမ့်။ခါတိုင်းဆို overtime overtime နဲ့ အလုပ်ထဲခေါင်းနစ်အောင်ခိုင်းတတ်သူက အခုကျတော့ Sunday မို့စောစောပြန်နားပါတဲ့။သူကိုယ်တိုင်လည်း အလုပ်အရေးမကြီးရင်နားချင်လို့ပါတဲ့ထူးဆန်းနေတယ်။

😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️😶‍🌫️

          မိဘမဲ့‌ ဂေဟာလေးကို Lino ရောက်လာဖြစ်သည်။ခြေဦးက ဒီကိုတည့်သွားသည်လေ။ပုံမှန်ဆိုရင်လည်း ဒီကို လာပြီး လှူဒါန်းဖြစ်သည်။ဖုန်းအကောင်းစား ကားအကောင်းစား အဝတ်အစား brand တွေဝတ်ပြီး ရေလိုပေါနေတဲ့ငွေကိုသုံးမယ့်အစား အခုလို လိုအပ်နေတဲ့မိဘမဲ့ဂေဟာတို့ ပရဟိတဆေးရုံတို့မှာသာ လှူဖြစ်သည်။
           "Unnie ဂါအူကို ဒီအရုပ်မလေးပြန်ပြင်ပေးလို့ရလား"
           လက်တစ်ဖက်ပြုတ်ကာ ဆံပင်မွှေးစုတ်ဖွားနဲ့ ဘိုမရုပ်ကလေးကို ကိုင်ကာ လာပြနေတဲ့ ဂါအူ ဆိုတဲ့ကလေးမလေးကို Lino ပြုံးပြလိုက်ပြီး
          "ဒါလေးကပြင်လို့မရလောက်တော့ဘူး ဂါအူရဲ့"
        "ဘာလို့လဲ ဂါအူက ဒါလေးကိုအရမ်းသဘောကျတာကို"
         မျက်ရည်တွေဝဲလာတဲ့ကလေးမလေးကိုကြင်နာစွာကြည့်ဖြစ်သည်။
        "ဂါအူ သေချာသိမ်းထားတာ ဒီအရုပ်က ဂါအူ့မွေးနေ့မှာ ဦးလေးကြီးနဲ့အန်တီကြီး နှစ်ယောက်က အရုပ်တွေလာလှူတုန်းကရခဲ့တာ Unnie"
        စီးကျလာတဲ့ ကလေးမလေးရဲ့မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး
           "မငိုပါနဲ့ နောက်တစ်ခါလာရင် ဒီဘိုမရုပ်ထက်လှတဲ့အရုပ်လေး Unnie အစားပြန်ဝယ်လာပေးမှာမို့ မျက်ရည်မကျနဲ့တော့"
         ကလေးမလေးကခေါင်းကိုငြိမ့်ကာ
      "ဟုတ်ကဲ့"
    ဟု‌ဖြေသည်။ကလေးမလေးကို Lino ပြုံးပြလိုက်ပြီး စစ္စတာတို့ရှိရာ ရုံးခန်းကိုထွက်လာခဲ့သည်။
          ရုံးခန်းရောက်တော့
      "စစ္စတာ ကျွန်မဝင်လာလို့ရမလား"
   စာရင်းလုပ်နေပုံရသည့် စစ္စတာက မျက်မှန်ကိုပင့်ကာ မော့ကြည့်လာပြီး
    "Ah ..Lino ပဲ ခြေဦးတည့်လာတာလား လာ ထိုင်လေ"
         Lino အကြောင်းသိနေသည့် စစ္စတာက အရွန်းဖောက်ရင်း ဖိတ်ခေါ်သည်။Lino က စစ္စတာစားပွဲရှေ့မှာရှိတဲ့ခုံမှာဝင်ထိုင်ရင်း
     "စစ္စတာပြောသလိုပဲဆိုပါတော့  ဒီနေ့ကလေးတွေရဲ့ ညနေစာ ညအဆာပြေ ဘယ်လိုအစီအစဉ်ရှိလဲ သိချင်လို့ပါ"
     စစ္စတာကသက်ပြင်းချရင်း။
      "အလှူရှင်က သိပ်မရှိတော့ ကြုံရာပဲပေါ့‌ Lino  ဒီနေ့အတွက် ညနေစာကတော့ ကင်မ်ချီနဲ့ခေါက်ဆွဲပြုတ် ညအဆာပြေကတော့ ဘယ်လိုစီစဉ်ပေးရမယ်တောင်မသိပါဘူးကွယ်"
        "ဒါဆို ဒီညနေစာကို အသားဟင်းနဲ့ထမင်း ညအဆာပြေကို နွားနို့နဲ့ဘီစကစ် လုံ‌လုံလောက်လောက်ဆို ဘယ်လောက်လောက်ရှိမလဲ"
        "ကလေးတွေအကုန်တင် အယောက် ငါးရာလောက်ရှိတော့........"
        စစ္စတာစကားမဆုံးခင် Lino လက်ကာပြလိုက်ကာ Long coat ထဲက card တစ်ခုကိုနှိုက်ပြီး
          "ဒီ Card ကိုလှူခဲ့ပါမယ် စစ္စတာပဲ ကြည့်စီစဉ်ပေးပါ ကျွန်မ မကြာခင်မင်္ဂလာဆောင်ရတော့မှာ စစ္စတာ အဲ့ခါကျရင်လည်း ဒီမှာပဲ လှူချင်တာမို့ လိုအပ်တာရှိရင် ကျွန်မကိုပြောနိုင်ပါတယ် လစဉ်တိုင်းလဲ ဒီ Card ထဲ ထည့်ပြီး လှူမှာမို့ ကလေးတွေကို ပြည့်ပြည့်ဝဝ စားစေချင်တယ်"
            "Lino က မင်္ဂလာဆောင်တော့မယ် ဟုတ်လား သတို့သားက ဘယ်သူများလဲကွယ်"
       "သတို့သမီးပါ စစ္စတာသိမလားတော့မသိဘူး Atelier က CEO Jennie Kim တဲ့"
       "J group ရဲ့မျိုးဆက်ပဲ သိပါတယ် TV programmes တွေမှာတွေ့ဖူးတယ် သူမကအများကြီးလှတယ်နော် Lino ကံကောင်းတာပေါ့"
       "ကံကောင်းပါစေလို့ဆုတောင်းပါတယ် စစ္စတာ ကျွန်မကိုခွင့်ပြုပါဦး"
         "ကောင်းပါပြီ"
            Lino စစ္စတာကို   နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။မိဘမဲ့‌‌ ဂေဟာ‌ လေးက အတွင်းဘက်ကျတာမို့ bus ကားဂိတ်ကနေ လမ်းအတော်လျှောက်ယူရသည်ရာသီဥတုကလည်း အနည်းငယ်အေးသည့်ဘက်ရောက်နေတာမို့ အပြန်လမ်းမှာ ဆိုဂျူဝင်သောက်ဖို့ တွေးမိတယ်။ အပြင်သွားတဲ့နေ့တွေဆိုကားယူမသွားဘဲ bus သာစီးတတ်တာမို့ long coat ထဲက ဝမ်500 တန်အကြွေစေ့ကို ထုတ်ကာ ကားမှတ်တိုင်မှာ စောင့်နေလိုက်သည်။
သိပ်မကြာ စီးရမည့်ကား ရောက်လာတာမို့ တက်လိုက်လာခဲ့သည်။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now