𝕋𝕨𝔼𝕝𝕍𝕖

795 74 12
                                    

လေဆိပ်ဆင်းရမှာမို့ Jennie 5နာရီ‌ လောက်ကတည်းက အစောကြီးနိုးသည်။ရေချိုးပြင်ဆင်ပြီး ယူသွားမည့် ခရီးဆောင် အိတ်ထဲယူသွားမှာတွေကိုစုထည့်သည်။Mackbook နဲ့ I pad ကိုတော့ တခြားအိတ်ထဲထည့်လိုက်သည်။ပြင်ဆင်ပြီး သွားတော့နာရီကိုကြည့်လိုက်တော့ 7နာရီ။
    "Jennie အကုန်တောင်ပြင်ပြီးပြီပဲ"
အိပ်မှုံဖွားနဲ့အသည်းအသန်ထလာတဲ့ Linoဟာတကယ်ကိုဆံပင်တွေကပါ ဖရိုဖရဲ။သူက နာရီကိုယူကြည့်ပြီး
   "7နာရီတောင်ထိုးနေပြီပဲ ခဏနော် ကျွန်မ မျက်နှာသစ်သွားတိုက်ဦးမယ်"
     ဟု Jennie ကိုပြောကာ ရေချိူးခန်းထဲဝင်သွားသည်။jennie လည်း သူ့ဝတ်ဖို့ အဝတ်အစားထုတ်ပေးခဲ့ပြီး breakfast စားရန် အခန်းပြင်ထွက်ခဲ့သည်။

နှပ်ကော်ဖီကိုတစိမ့်စိမ့်သောက်နေတုန်း Lino ဟာ ရှပ်အင်္ကျီ ကိုတံတောင်ဆစ်ထိခေါက်တင်ရင်း စားပွဲမှာဝင်ထိုင်လာသည်။

       "ကျွန်မသာမနိုးရင် တကယ်ကို မနှိုးဘဲ Jennie ကသွားတော့မှာပဲ"
ဟုပြောကာ သူ့အတွက်ဖျော်ပေးထားတဲ့ကော်ဖီကိုယူသောက်သည်။
       "မနှိုးဘူးလို့ ငါအစကတည်းကပြောထားသားပဲ"
    "ကျွန်မက နောက်တယ်ထင်လိုက်တာ"
    "အံဩစရာပါပဲ"
   "အကုန်ပြီးပြီလား ကားပေါ်ဘာတင်စရာရှိလဲ"
   "ခရီးဆောင်အိတ်ပဲတင်ရမှာပါ တခြားမရှိဘူး"
   "ကောင်းပြီလေ ဒါဆိုသွားကြတော့မလား"
   "အင်း"

Mercedes ကားအဖြူလေးဟာ အင်းချွန်းလေဆိပ်ကို တရိပ်ရိပ်ပြေးနေသည်။
   "ကျွန်မ ကားကို ကုမ္ပဏီမဟုတ်ဘဲ တခြားကို‌ မောင်းရတာ ပထမဆုံးပဲ ။ ဟို‌တယ် ရောက်တာနဲ့ဖုန်းဆက်နော် မအားရင် message ပဲဖြစ်ဖြစ်ရိုက်လိုက်ပါ"
    "ငါသိတာမို့ အခေါက်ခေါက်အခါခါ မပြောလည်းဖြစ်တယ် Lino"
     "ကျွန်မတော့ လွမ်းနေရတော့မှာပဲ"
ကားထဲက Aircon က ဘာလို့ရုတ်တရက်ကြီး ပူသွားရတာလဲ။Jennie မျက်နှာတွေပါ ပူသွားသည်။ဘာလို့ အဲ့လိုစိုက်ကြည့်ပြီးပြောရတာလဲ ။တော်‌သေးတာပေါ့ Jennie က ကားမောင်းနေတာမဟုတ်လို့။
      "အဲ့တာက မင်းသဘောလေ"
   "ကျွန်မကို လွမ်းနေမှာလား"
    "အဲ့လိုလွမ်းလောက်စရာ တွယ်ငြိဖို့ရှိလို့လား"
    "ထင်တာပါပဲ ညအိပ်တဲ့အချိန်ဖြစ်ဖြစ်ပေါ့"
   "Yah ...Lino Ban ဘာစကားတွေပြောနေတာလဲ"
    "မဟုတ်ဘူးလား ညဘက်ဆို ကျွန်မက Jennie ကိုဖက်ထားပေးနေကျလေ အဲ့တာပြောတာပါ Jennie ကဘာ‌ကိုတွေးမိလို့လဲ"
    "ဘာ ဘာကိုငါကတွေးရမှာလဲ"
    "ရှက်မနေပါနဲ့ ကဲ လေဆိပ်ရောက်ပြီဆင်းတော့"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now