𝙴𝕃𝔼𝕧𝔼𝕟

691 79 9
                                    

ညနေ ရုံးဆင်းချိန်ကျတော့ Jennie ပစ္စည်းတွေသိမ်းကာထပြန်ခဲ့သည်။လမ်းကြုံ Mart တစ်ခုထဲဝင်ကာ ဟင်းချက်စရာ အချို့ကိုလည်း ဝယ်လိုက်သည်။ထို့နောက် အိမ်ရောက်တော့ အရင်ပြန်ရောက်နေတဲ့ Lino က လာပြီး လက်ထဲက အထုပ်တွေကိုလာကူဆွဲသည်။

"Jennie ကျွန်မကိုပေး ဘာလို့တစ်ခါတည်းဝင်ဝယ်လာတာလဲ ပြန်ရောက်မှ ကျွန်မနဲ့အတူ ပြန်ထွက်ဝယ်လည်းရတာကို"
"နှစ်ခါ မပင်ပန်းချင်လို့"
"ကျွန်မ ပါတာပဲ ပင်ပန်းစရာ မလိုပါဘူး ကျွန်မကားမောင်းလိုက်ပို့ပြီး အထုပ်လည်း ကျွန်မ ဆွဲပေးမှာပေါ့"
"လောလောဆယ်တော့ အဲ့အထုတ်တွေ သွားထားတော့"
Lino မီးဖိုခန်းထဲ အထုပ်တွေသွားထားနေတုန်း Jennie အခန်းထဲဝင်ခဲ့လိုက်သည်။ရေချိုးအဝတ်အစားလဲပြီးနောက်

      "ရေချိုးလိုက်တာလားjennie"
    "အင်း"
     "ပြန်ရောက်တာ ခဏတောင်မနားဘူး နေမကောင်းဖြစ်ဦးမယ်"
    "ငါ စားဖို့ ချက်ရဦးမယ်လေ"
    "ကျွန်မက အဆင်ပြေပါတယ် သိပ်မဆာသေးပါဘူး"
     "ငါ ဗိုက်ဆာလို့ချက်မှာ"

ချက်ပြုတ်နေတဲ့ လုပ်ငန်းစဉ်တစ်လျောက်စကားတွေတွတ်ထိုးနေတာ အမြင်တောင်ကပ်မိနိုင်သည်။

      "ဝက်သားနှပ်ကအိနေတာပဲနော်"
      "Jennie လှီးတာညီနေတာပဲ ကျွန်မလှီးရင်နွားစာဖြစ်မှာ"
     "Wow ...ဂင်မ်ချီဟင်းရည်က ဒီလိုချက်ရတာလား ကျွန်မချက်ရင် အိုးလိုက်သွန်ပစ်ရမယ်ထင်တယ်‌ အသင့်စားခေါက်ဆွဲတောင်ကျွန်မက ရေချိန်တတ်တာမဟုတ်ဘူး"
   
    စသည့် စသည့် စကားပေါင်းများစွာနဲ့။

  "Lino မင်းတော်တော်ပြောနိုင်တာပဲနော် စတွေ့စက အေးအေးနေတတ်တဲ့လူဆိုပြီး ငါက စိတ်ချမ်းသာနေတာ ယူပြီးမှ သာလိကာမှန်းသိတယ်"
     "Sorry "

ကြည့်.... Jennie ပြောလိုက်တော့လည်းမျက်နှာငယ်လေးနဲ့ငြိမ်သွားပြန်သည်။တခဏအကြာမှ

     "Jennie ထပ်ထွက်စရာမရှိတော့ရင် ကျွန်မ ခြံတံခါးသွားပိတ်လိုက်တော့မယ်"

ဟုပြောကာထွက်သွားသည်။ စိတ်ဆိုးသွားတာလား။ အို ဆိုးကာမှဆိုး အနားမှာ ပိကျိ ပိကျိ ပြောနေတာ Jennie တကယ်မကြိုက်။ဒါတောင်lino မို့။တခြားလူသာဆို အော်ထုတ်ပစ်လိုက်မှာ။စကားတွေလေကုန်ခံပြောနေမှာမဟုတ်ဘူး။

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now