𝕊𝕖𝕍𝕖ℕ𝕥𝔼𝕖ℕ

790 80 6
                                    

    မနက် အိပ်ယာထတော့ Jennie ကော်ဖီသောက်ရန် ထမင်းစားခန်းးကိုဝင်လာတော့ Lino ကိုတွေ့ရသည်။သူက ကော်ဖီခွက်ကိုကိုင်ပြီး တစ်ငုံသောက်ကာ

         "Company မသွားတော့ဘူး"

Jennie ကဘာလို့လဲဟူသောအကြည့်ကိုပေးလိုက်တော့ သူက ပြုံးပြသည်။ထို့ကြောင့် လစ်လျူရှုလိုက်ကာ

       "အဲ့တာ မင်းသဘော ငါကတော့သွားမှာ"

    "ဟာ ညက မှ ပြန်ရောက်တာလေ ကျွန်မအနားနေပါဦးလား"

    "ငါမနေပေးလည်း မင်းအနားနေချင်သူတွေရှိတာပဲမလား Lino ဘာလို့ငါမှ ဖြစ်မှာလဲ''

   "Jennie ဘာတွေပြောနေတာလဲဆိုတာကျွန်မတကယ်ကိုနားမလည်တော့ဘူး"

တကယ် စိတ်ရှုပ်နေဟန်ဖြင့် ဆံပင်တွေဖွရင်း သူကပြောလာသည်။

     "နားမလည်ရင်အတင်းကြိုးစားမနေနဲ့"

လက်မလျှော့နိုင်တဲ့ Lino ဟာ အမှတ်မထားစွာ Jennie ရဲ့လက်တစ်ဖက်ကို ကိုင်ရင်းတောင်းဆိုလာပြန်သည်။

      "Company မသွားနဲ့jennie ကျွန်မတောင်းဆိုနေတာပါ ကျွန်မနားနေပေးလို့မရဘူးလား ခွဲနေခဲ့ရတဲ့ တပတ်နီးပါး အချိန်တွေအတွက် ကျွန်မတကယ်ကိုလွမ်းနေခဲ့ရလို့ပါ"

အတည်ပြောနေတဲ့ Lino မျက်ဝန်းတွေဟာ Jennie ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ ပင်လယ်ပြာ။

သို့ပေမဲ့ရင်ထဲကအစိုင်အခဲကိုမချေဖျက်ရသေးဘူး။ကိုယ်တိုင်ထပ်စုံစမ်းဦးမှာမို့ ဒီနေ့ အပြင်ကိုထွက်ကိုထွက်မှရမည်။

       "ငါ့လက်ကိုလွှတ် Lino ငါအရေးကြီးကိစ္စရှိတာမို့ မနက်စာကိုသာ အေးအေးလူလူ ကောင်းကောင်းမွန်မွန် စားစမ်းပါ"

       "ကျွန်မက အရေးမပါဘူးလား Jennie ကျွန်မက Jennie ရဲ့ ဘယ်လို အခန်းထောင့်မှာ ရပ်တည်နေရတာမျိုးလဲ"

    "မင်းဘာဖြစ်ချင်နေတာလဲ"

"ကျွန်မအနားရှိနေပေးစေချင်ရုံတင်ပါ ကျွန်မအရမ်းလွမ်းနေခဲ့ရလို့ပါလို့ ပြောပြီးပြီပဲ ဘာကိုထပ်ရှင်းပြဖို့လိုအပ်နေသေးတာလဲ"

     "ငါလည်း အရေးကြီးကိစ္စရှိလို့ သွားရပါမယ်ဆိုတာ မင်းဘာလို့ဂျစ်တိုက်နေသေးတာလဲ"

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now