ညစာစားကြပြီးနောက် Jennie ပန်းကန်းများဆေးကြောသိမ်းဆည်းကာ ပန်းသစ်တော်တစ်လုံးကိုခွဲသည်။ အစိတ်ကလေးတွေကို လှပစွာစိတ်ပြီး ခက်ရင်း သေးသေးလေး တပ်ကာ အခန်းထဲသို့ယူ လာလိုက်သည်။
အခန်းထဲရောက်တော့ Lino ဟာ ကုတင်ဘောင်ကိုမှီရင်းစာဖတ်နေတာတွေ့သည်။
"ရော့ အသီးစား"
Lino ဟာစာအုပ်ကို ပိတ်လိုက်ပြီး ပြုံးပြကာ
"ကျေးဇူးပါ Jennie"
အသီးပန်းကန်လေးကိုယူကာ တစ်စိတ်စားလိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်ကိုတင်လိုက်သည်။ပြီးတော့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး
"လာပါဦး ကျွန်မဖက်ထားချင်လို့"
"မလာဘူး မဖက်နဲ့"
"လာပါ Jennie ရယ် ကျွန်မ အသဲထဲကကို လှိုက်ပြီး လွမ်းနေလို့ပါ"
"ပလီပလာ မာယာတစ်သိန်း"
"တကယ်ပြောတာပါ Jennie "
"မယုံပါဘူး ငါသွားတာမှ သုံးလေးရက် တစ်ပတ်တောင်မပြည့်တာကို"
"Jennie ကတကယ်ကို အကန်တွေပြောတာနော်"
"မကြားချင်ရင် စကားလာမစနဲ့ စားစရာရှိတာစားပြီးအိပ်"
"အင်းအဲ့တာအကောင်းဆုံးပဲ"
ဟုဆိုကာ Lino ဟာ ကုတင်ပေါ်မှ ထလာပြီး Jennie ရဲ့လက်ကိုဆွဲကာ ကုတင်ပေါ်သို့တွန်းချလိုက်သည်။
ထို့နောက် အပေါ်မှအုပ်မိုးလျက်ကြည့်နေတာကြောင့် Jennie ဟာဘယ်လိုပဲ Lino နဲ့ခန္ဓာချင်းရင်းနှီးနေပါစေ လက်ဖျားခြေဖျားတွေပါအေးလာသည်။
"မင်း...မင်း ဒါဘာလုပ်တာလဲ"
အသံတွေပါတုန်လာသလို။
Lino ကတော့ အထိတထိပြုံးကာ မျက်ခုံးတစ်ဖက်ကို တွန့်တင်ရင်း
"Jennie ပဲစားစရာရှိတာ စားပြီးအိပ်ဆို အဲ့တာကြောင့် စားပြီးအိပ်မလို့"
"မင်း...မင်းကို ငါပြောတာ အသီးစားဖို့ ဒီလိုမဟုတ်ဘူး"
"ကျွန်မ စားချင်တာ စားမှာပေါ့ Jennie ရယ် ကျွန်မ လွတ်လပ်ခွင့်ပဲဥစ္စာ"
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanfictionပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့တစ်ခြား ပိုပြီးချစ်မြတ်နိုးပေးပါ ...