"ယွင်ချီ သွားကြမယ်"
"မနက်စာရော"
"ဇာတ်လမ်းရိုက်ရင်းစားကြမယ်လေ"
"ဟမ်"
ယွင်ချီသည်ကြောင်အအဖြစ်သွားကာဟွမ်ကျွင့်ကျယ်နောက်သာလိုက်လိုက်ရသည်။ သို့သော်အိမ်အပြင်ရောက်ပီးနောက်ဘာကိုဆိုလိုလဲသဘောပေါက်သွားခဲ့ပြီ။ မင်းသား3၏အိမ်သည်တံခါးပိတ်ထားသည်။မနက်စာလည်းအခန်းပြင်မှာထားထားသည်။ ဤသဘောမှာ မင်းသား3သည်မနက်စောစောအပြင်ထွက်သွားလေပီ။
ရှကျစ်ကွမ်းသည်စစ်ထူနှင့်အတူစျေးထဲတွင်ပတ်ကြည့်နေသည်။
"မင်းတို့ဒီလောက်စားသောက်ပီးပိုက်ဆံမပေးလို့ရမလား"
ဆူညံတဲ့အော်သံတစ်ခုထွက်ပေါ်လာပီးလူတေွသည်လည်းထိုဆိုင်ရှေ့သို့စုပြုံလာတော့သည်။ရှကျစ်ကွမ်းနှင့်စစ်ထူသည်လည်းလူကြားထဲတိုးကားအခြေနေကိုအကဲခတ်လိုက်သည်။
"တောင်းပန်ပါတယ် တကယ်ကိုကျမတို့ပိုက်ဆံအိတ်ပျောက်သွားလို့ပါ။ ကျမရဲ့နားကပ်လေးကိုအပေါ်ထားခဲ့ရမလား"
မိန်းကလေးနှစ်ယောက်သည်ခါးကိုကိုင်းကာအကြိမ်ကြိမ်တောင်းပန်နေသည်။သို့သော်ဆိုင်ရှင်သည်အလျော့မပေး
"မင်းတို့ရဲ့နားကပ်ကတန်ဖိုးဘယ်လောက်ရှိမှန်းမသိဘဲနဲ့ငါကဘာလို့ယူရမှာလဲ ဘာလဲမင်းတို့ကအခုလိုလိမ်စားနေကြလား"
လူတစ်အုပ်သည်လည်းမိန်းကလေးနှစ်ယောက်ကိုကဲ့ရဲ့သံများထွက်လာကြသည်။
"အဲ့လိုမဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူးတကယ်ကိုပိုက်ဆံအိတ်ပျောက်သွားလို့ပါ။"
လူအုပ်ဘက်ကိုလှည့်ကာတောင်းပန်နေသည့်မိန်းကလေးနှစ်ယောက်ကိုမြင်တော့မှရှကျစ်ကွမ်းမျက်လုံးတစ်စုံပြူးကျယ်သွားသည်။
သောက်ကျိုးနည်း အရပ်ရှည်တဲ့ဘီလူးမင်းသမီးနဲ့သူ့နောက်လိုက်ဂျပုပဲဟ
ရှကျစ်ကွမ်းသည်လူအုပ်ကြားတိုးကာ"ဘယ်လောက်ကျလဲငါရှင်းပေးမယ်"
"ကောကော"
ရှကျစ်ကွမ်းရဲ့မျက်လုံးမှာခုနကထက်သုံးဆလောက်ပိုပြူးကျယ်သွားသည်။
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်