ဟွမ်ကျွင့်ကျယ်သည်အရိုသေပေးရာမှခေါင်းမော့လိုက်ပီး အားနည်းကာနူးညံ့တဲ့အသံဖြင့်ဆိုသည်။
"အမတော်နှစ်ယောက်လုံးကမင်းကြီးနဲ့ မိဘုရားခေါင်ကြီးရဲ့အချစ်ဆုံးတေွပါ။ အခုလိုတာရှတိုင်းပြည်မှာဓားစာခံမင်းသမီးအဖြစ်နိမ့်ကျစွာနဲ့သူများတေွနှိပ်စက်မှုကိုခံလို့မဖြစ်ပါဘူး။ ဒီနှစ်အတွင်းမှာပြုစုစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကိုပြန်ဆပ်တဲ့အနေနဲ့ နိမ့်ကျပီး တောထဲမှာကြီးပြင်းလာတဲ့ ကျမကတော့အခုလိုဒဏ်တေွကိုသည်းခံနိုင်ပါတယ်။ ကျေးဇူးပြုပီးကျမကိုကျေးဇူးဆပ်ခွင့်ပြုပါ။"
ထိုအခါမှမိဘုရားခေါင်သည်ဝမ်းသာအားရစွာဖြင့်
"ဟုတ်တယ် နင့်လိုအစေခံမကအခုလိုမျိုးဓားစာခံအနေနဲ့နိမ့်ကျစွာနေရလည်းဘာမှဖြစ်လာမှာမဟုတ်ဘူး"
"မဖြစ်ဘူး...."
မင်းကြီးဟွမ်၏ရုတ်တရက်စကားကြောင့်မိဘုရားကြီးမှာဒေါသူပုန်ထကာ
"ဘာလဲ ရှင်ကကျမသမီးတေွကျဖြစ်ချင်တာဖြစ် ဒီအစေခံမကျတအားတန်ဖိုးထားနေတာလား"
"ငါပြောတာ သူကတောထဲမှာကြီးပြင်းလာတဲ့သူ တကယ်လို့အမှားတခုခုလုပ်မိရင်တာရှပြည်ကငါတို့ကိုစစ်ခင်းလိမ့်မယ်"
ဟွမ်ကျွင့်ကျယ်သည်အပြုံးလေးတစ်ခုကိုမျက်နှာထက်ဆင်မြန်းကာ
"မင်းကြီးစိတ်ချပါ ကျမကအမတော်တေွလိုမင်းသမီးတစ်ပါးအရည်ချင်းနဲ့မပြည့်မှီတောင်ဒီနှစ်တေွအတွင်းအအေးနန်းဆောင်မှာစာပေတေွဖတ်ထားတာကြောင့်မင်းသမီးတပါးပြုမူပုံကိုသေချာလေးသိပါတယ်။ နောက်ပြီးတာရှတိုင်းပြည်ကိုဓားစာခံမင်းသမီးအနေနဲ့သွားရမှာဆိုတာ့ နှိမ့်ချပီးသည်းခံနိုင်ရင်ရပါပီ။ ကျမအတွက်တာရှပြည်မှာအိပ်စရာကျောခင်းတစ်နေရာနဲ့ အစားတစ်နပ်စာရရင်ပဲကျေနပ်ရောင့်ရဲနေပါပီမင်းကြီး"
မိဘုရားကြီးသည်စကားထပ်ဟရန်ပြင်နေသောမင်းကြီးဆီသို့လှည့်ကာ
"ရှင်ထပ်မပြောနဲ့ အထိန်းတော်ဝမ် မင်းသမီး3အတွက် ဟွမ်မြို့ရဲ့အကောင်းဆုံးပိုးထည်ဆိုင်တေွကနေ အလှဆုံးအကောင်းဆုံးဝတ်စံုအထည်50နဲ့ အကောင်းဆုံးလက်ဝတ်ရတနာကုန်သည်ဆီကနေ လက်ဝတ်ရတနာတေွဝယ်ပေးလိုက်"

YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်