part-25

109 13 5
                                    

----------------2လကြာပြီးနောက်---------

ပိုင်ခြံဝန်းထဲတွင်အစေခံလေးများအလုပ်ရှုပ်နေကြသည်။ အကြောင်းမှာနှုတ်ဆက်ပွဲအတွက်ဖြစ်သည်။
ဟုန်ယောင်အတွက် ပြင်ဆင်မှုတေွ
နဲ့ မြို့တံတိုင်းအတွက်အကာအကွယ်တွေထားပြီးပြီဖြစ်တာကြောင့် တာရှကိုပြန်ကြတော့မယ်ဟွမ်ကျွင့်ကျယ်တို့အတွက်နှုတ်ဆက်ပွဲလေးဖြစ်သည်။
ဉယာဉ်ထဲကစားပွဲဝိုင်းလေးမှာ အကုန်လူစုံတက်စုံထိုင်နေကြပြီး သေရည်နဲ့ဟင်းပွဲများလည်းစုံလင်နေပြီဖြစ်သည်။

"အခုလိုဟုန်ယောင်ကိုကူညီပေးခဲ့တဲ့အတွက် ဟုန်ယောင်အစား ကျနော် ပိုင်ကျင်းယွမ်ကပဲ ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ဟုန်ယောင်ကလည်းကျနော်တို့ရဲ့မွေးရပ်မြေပါပဲ"

ဟွမ်ကျွင့်ကျယ်သည်သေရည်ခွက်ကိုမြောက်ကာ ပိုင်ကျင်းယွမ်နဲ့တိုက်လိုက်သည်။

"ကျင်းမိသားစုလဲအတွက်လည်းစိတ်မကောင်းစရာပဲ "

"ဟုတ်တယ်"

ပိုင်ကျင်းယွမ်ရဲ့စကားကိုရှကျစ်ကွမ်းကထောက်ခံလိုက်သည်။

"ဒီလိုလုပ်ရအောင်လေ ဒီညကဟုန်ယောင်မှာရှိတဲ့နောက်ဆုံးညဆိုတော့ ဟုန်ယောင်ကိုလျှောက်လည်ကြရအောင်"

ရုံအာရဲ့စကားကိုအားလုံးကထောက်ခံကြသည်။

"ကောင်းသားပဲ ဒါဆိုသွားကြမလား"

"နေပါအုန်း အတူတူမသွားဘူး နှစ်ယောက်နှစ်ယောက်ဆီခွဲသွားကြမယ်လေ"

"ကောင်းပြီ"

ရုံအာရဲ့စကားကိုရှကျစ်ကွမ်းသည်ထောက်ခံလိုက်ကာ ဟွမ်ကျွင့်ကျယ်လက်ကိုဆွဲကာ အရှေ့ဆုံးကနေထွက်သွားသည်။ ကျန်းရှမ့်(မင်းသား2)ကတော့ ရှန့်ယန်ရဲ့လက်ကိုဆွဲကာထွက်သွားသည်။ ယဲ့ပိုင်မင်ကတော့ပိုင်ကျင်းယွမ်ရဲ့လက်ကိုဆွဲကာထွက်သွားသည်။
ရုံအာ သည်ကျန်နေတဲ့ ရှန့်နင်၊ယွင်ချီနဲ့စစ်ထူကိုလှည့်ကြည့်လိုက်ကာ

"သက်ဆိုင်ရာရှိတေွကတော့သူတို့ရဲ့ဟာလေးတေွလက်ကိုဆွဲသွားပြီ
သက်ဆိုင်သူမရှိတဲ့သူတေွအတွက်
ယွင်ချီက စစ်ထူနဲ့သွားလိုက် ငါကကျယ်ကျဲနင်အာနဲ့အတူသွားလိုက်မယ်"

White lotus Where stories live. Discover now