Part-5

184 26 4
                                    

မနက်စာ၊နေ့လည်စာနဲ့ညစာအတွက်အစေခံမလေးတေွမှရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်တို့အတွက်လာပို့ပေးကြသည်။

ညစာစားပီးဉယာဉ်ထဲထွက်ကာအဝတ်စဖြူကိုမြက်ခင်းပေါ်ခင်းပီးလှဲကာယွင်ချီနှင့်အတူစကားပြောနေကြသည်။

"ဟွမ်တိုင်းပြည်ကထွက်လာတုန်းကတာရှမှာဓားစာခံမင်းသမီးအနေနဲ့နေရမယ်ဆိုတော့ ဆင်းရဲဒုက္ခတေွကိုတော်တော်လေးခံစားရမှာလို့ထင်ခဲ့တာ
အခုတော့အနောက်ခြံဝင်းနဲ့အိမ်လေးကလည်းနန်းတော်လောက်မကောင်းပေမယ့် အေးချမ်းပီးလှတယ် အစားစာအတွက်လည်းမပူရဘူး နောက်ရက်တေွလည်းအခုလိုအေးချမ်းနေရင်ကောင်းမယ်"

ယွင်ချီသည်ကောင်းကင်ကြီးကိုမော့ကြည့်ကာပြောနေသည်။
သေချာပေါက်ဟွမ်တိုင်းပြည်မှာကျော်ဖြတ်ခဲ့တဲ့နေ့ရက်တေွထက်စာရင်ဒီနေ့ကတော့သုံးနှစ်တာအတွင်းအကောင်းဆုံးနေ့လေးလို့သတ်မှတ်၍ရသည်။ သို့သော်

"အခုမှတစ်ရက်ပဲရှိသေးတယ် ကောက်ချက်ချလို့မရသေးဘူးယွင်ချီ
ဒါပေမယ့်ငါလည်းဆုတောင်းပါတယ်
အခုလိုအေးချမ်းတဲ့နေ့ရက်တေွကိုပိုက်ဆိုင်ရဖို့"

"ဆုတောင်းချင်လား ဘုရားကျောင်းကိုသွားလေ ဘုရားကျောင်းကမြို့အရှေ့ဘက်ခြမ်းမှာ မသိရင်လမ်းမေးသွား"

ဟွမ်ကျွင့်ကျယ်သည်စကားပြောနေရင်းရုတ်တရက်မင်းသား3အသံကြားလိုက်တာကြောင့်ကျွင့်ကျယ်ရောယွင်ချီပါထပီးအသံကြားရာသို့ကြည့်လိုက်သည်။
ထိုသူမှာအမှန်ပင်မင်းသား3ရှကျစ်ကွမ်းဖြစ်နေသည်။
သူသည်အိမ်အလွတ်ရဲ့ခေါင်မိုးပေါ်မှာသေရည်အိုးသေးလေးကိုကိုင်ကာသူတို့ကိုကြည့်ပြောနေခြင်းဖြစ်သည်။

အနောက်ခြံဝန်းသည်နန်းတော်ရဲ့အနောက်ဘက်အစွန်ဆုံးနေရာဖြစ်သည်။ နန်းဆောင်တေွနှင့်ဝေးကာ သာမန်အမတ်တို့ရဲ့အိမ်ဖွဲ့စည်းပုံနှင့်ပိုတူသည်။ အနောက်ခြံဝန်းသည်နန်းဆောင်တေွလောက်မကျယ်သလိုကျဉ်းလည်းမကျဉ်းပါ။ အနောက်ခြံဝန်းတွင်အိမ်သုံးအိမ်ရှိပီး အလယ်တွင်ဉယျာဉ်အသေးစားလေးရှိသည်။ ဖွဲ့စည်းပုံသည်လေးထောင့်ပုံစံဖြစ်သည်။ ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်အိမ်သည်မျက်နှာချင်းဆိုင်ဖြစ်ပီး အိမ်အလွတ်သည် ခြံတံခါးမကြီးနှင့်မျက်နှာချင်းဆိုင်ဖြစ်သည်။ အလယ်တွင့်ဉယျာဉ်အသေးစားရှိသည်။ နှင်းဆီပန်းအချို့ကိုစိုက်ပျိုးထားပီးမြက်ခင်းပြင်လေးရှိသည်။
ရှကျစ်ကွမ်းသည်အခုတွင်အိမ်အလွတ်ခေါင်မိုးပေါ်မှာထိုင်နေခြင်းဖြစ်သည်။

White lotus Where stories live. Discover now