Part-26

106 15 4
                                    

နောက်နေ့တွင်ရှကျစ်ကွမ်းတို့သည် ပိုင်ကျင်းယွမ်ကိုနှုတ်ဆက်ကာဟုန်ယောင်မှထွက်ခွာလာကြသည်။
ယဲ့ပိုင်မင် သည် မနက်အစောကြီးကတည်းက အခြားလမ်းဖြင့်တာရှကိုသွားနှင့်ပြီဖြစ်သည်။
အလာအတိုင်း ရှန့်နင် ရုံအာနဲ့ ဟွမ်ကျွင့်ကျယ်သည်ဝေါယာဉ်ထဲတွင်ထိုင်နေသည်။ ကျန်းရှမ့် ရှန့်ယန်နဲ့ ရှကျစ်ကွမ်းသည်တော့မြင်းတစ်ယောက်တစ်စီးဖြင့်သာသွားသည်။

အမြန်ခရီးနှင်တာကြောင့် နှစ်ရက်မကြာဘဲ တစ်ရက်ထဲနှင့်သာတာရှကိုပြန်ရောက်သည်။ သူတို့တာရှသို့ရောက်ချိန်တွင် ညမိုးချုပ်နေပြီဖြစ်သည်။
ရှန့်နင်နှင့်ရှန့်ယန်သည်ကျန်းရှမ့်အိမ်သို့လိုက်သွားသည်။ ဟွမ်ကျွင့်ကျယ် ရုံအာနှင့်ရှကျစ်ကွမ်းသည်တော့မင်းကြီးဆီသို့အခြေအနေကိုလျှောက်တင်ရန်မင်းကြီးရဲ့အဆောင်သို့တန်းသွားလိုက်သည်။

"မင်းတို့ဟုန်ယောင်မှာလုပ်ခဲ့တာတကယ်ကောင်းတယ် "

"မခံယူဝံ့ပါဘူးခမည်းတော်"

ရှကျစ်ကွမး်သည်ကိုယ်ကိုကိုင်းကာမင်းကြီးကိုအရိုအသေပြုရင်း

"ဒီတခါမင်းသမီးဟွမ်ရဲ့အကူအညီတေွကြောင့်အခုလိုနိုင်ရတာပါ"

"ဟုတ်တယ်ခမည်းတော် ကျယ်ကျဲကလေအရမ်းတော်တာ သူ့ရဲ့ဆေးပညာအကူအညီသာမပါရင်တကယ်ခက်ခဲမှာ"

"ဟုတ်ပါပြီ မကြာခင်ငါ့ရဲ့မွေးနေ့အခမ်းအနားလည်းရောက်လာတော့မှာ မင်းသမီးဟွမ် မင်းရှကျစ်ကွမ်းနဲ့အတူပွဲတက်ပါ"

ဟွမ်ကျွင့်ကျယ်သည်လက်နှစ်ဖက်ကိုယှက်ကာ မင်းကြီးအားအရိုအသေပြုရင်း

"မခံယူဝ့ံပါဘူးမင်းကြီး မင်းကြီးရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကျမကနိမ့်ကျတော်မူပါတယ်"

"မကြာခင်မင်းက မင်းသား3ရဲ့ကြင်ယာတော်ဖြစ်တော့မှာ ငါတို့ကတစ်မိသားစုထဲဆိုတော့သဘောပဲ ပြီးတော့ဒီတခါမင်းရဲ့လုပ်ဆောင်မှုတေွတကယ်ကောင်းတယ် မွေးနေ့ပွဲမှာမင်းတို့ရဲ့ မဂ်လာ ကိစ္စကြေညာပြီးမင်းကိုဆုလာဘ်ချီးမြှင့်မယ်"

"ကျေးဇူးကြီးမားလှပါတယ်မင်းကြီး"

"ကဲမင်းတို့လည်းပင်ပန်းလာလောက်ပြီ အနားယူဖို့သွားတော့"

White lotus Where stories live. Discover now