part-29

65 11 1
                                    

တာရှတိုင်းပြည် ပြည့်ရှင်မင်းရဲ့မွေးနေ့တော်

"ကျယ်ကျဲ ကျယ်ကျဲ"

မနက်မိုးလင်းတာနဲ့ကြားရတဲ့အသံဆာဆာဟာသေချာပေါက်ရုံအာပါပဲ

"ကျယ်ကျဲ ထတော့လေ ဒီနေ့ကနေ့ထူးနေ့မြတ်လေ"

တံခါးမှာပွင့်ဟလာပြီး အိပ်ချင်မူးတူးနဲ့ဟွမ်ကျွင့်ကျယ်ကိုတေွ့ရသည်။ရုံအာသည်အထဲဝင်ထိုင်လိုက်ပြီး

"ကျယ်ကျဲ မပြင်ဆင်ဘူးလား ဒီနေ့ကသေချာပေါက်အမှားအယွင်းဖြစ်လို့မရဘူးလေ"

"ငါသိပါတယ် သေချာပြင်ဆင်ပြီးပြီ ညကပြင်ဆင်တာညနက်သွားလို့ အခုမှထတာ"

"ရုံအာသိလို့ ဆေးပြင်ဆင်လာတယ်သောက်လိုက် ပြီးရင်ကြက်သားကိုကင်လာတယ် စားလိုက် ရေချိုးဖို့အဝတ်အစားလက်ဝတ်ရတနာနဲ့အခြားအကုန်ရုံအာအသေးစိတ်ပြင်ဆင်ပေးမယ် ယွင်ချီရော"

"သူကအခြားတစ်ဖက်ကိုသွားပြင်ဆင်တယ်"

"ဟုတ်ပြီ အခုရေချိုးဖို့ပြင်ဆင်ပေးမယ်"

ရုံအာသည်ပြောပြောဆိုဆိုဖြင့်ရေချိုးခန်းထဲဝင်သွားသည်။
ဟွမ်ကျွင့်ကျယ်သည် ပြတင်းပေါက်မှ တစ်ဖက်အိမ်ကိုလှမ်းကြည့်လိုက်သည်။ ရှကျစ်ကွမ်းနှင့်မတေွ့ရတာသုံးရက်လောက်ရှိပြီ။ စာနဲ့ပဲသတင်းအပေးအယူလုပ်ကြတာ ဒီနေ့တော့သူ့ကိုမြင်ရမယ်လို့ထင်တာပဲ

တမနက်လုံးရုံအာကဟွမ်ကျွင့်ကျယ်ကိုအဝတ်အစား မျက်နှာအပြင်အဆင် ဖိနပ်ကအစအကုန်ပြင်ဆင်ပေးသည်။

"ငါ့ညီမလေးသာရှိသေးရင်မင်းနဲ့တော်တော်အတိုင်အဖောက်ညီမှာ
သူလည်းအဲ့လိုပဲ"

"ကောညီမလေးသာရှိသေးရင်သူနဲ့ပေါင်းပြီးအကုန်လိုက်မွှေမှာ"

"ရုံအာ ငါမင်းကိုတော့သေချာပေါက်ကာကွယ်ပေးမယ်"

"ရုံအာရောပဲ ကောနဲ့အခြားသူတေွကိုအစွမ်းကုန်ကာကွယ်ပေးမယ်"

ဒီတခါတော့အချင်းချင်းကာကွယ်နိုင်မလားဆိုတာ မသိပေမယ့်လည်း

ညနေနေဝင်ပြီး မင်းကြီးရဲ့မွေးနေ့ပွဲအတွက်စားသောက်ပွဲကိုစတင်ခဲ့ပြီ။
မှူးမတ်တေွနဲ့သူတို့သားတေွသမီးတေွလည်းရောက်လာပြီ။
ဟွမ်ကျွင့်ကျွယ်နှင့်ရုံအာတို့မှာအခုထိခြံဝန်းကနေမထွက်ရသေး။

White lotus Where stories live. Discover now