ညကဟွမ်ကျွင့်ကျယ်နဲ့စကားပြောရင်း သေရည်လည်းသောက်ပြီး ညမိုးချုပ်တဲ့အထိစကားပြောနေတာကြောင့် နေ့လည်စာစားချိန်ထိမနိုးခဲ့ချေ။ ရှကျစ်ကွမ်းသည်ရေမိုးချိုးပီးအပြင်သို့ထွက်လာသည်။ ခြံဝင်းထဲတွင်ယွင်ချီ ရှန့်နင်နဲ့ရုံအာတို့သည် ဆေးရွက်တေွကိုချေထောင်းရင်းအလုပ်ရှုပ်နေသည်။
"ယွင်ချီ မင်းရဲ့မင်းသမီးရော"
"မင်းသမီးကရှန့်ယန်နဲ့အတူအပြင်ထွက်သွားတယ် မင်းသား"
"ဘာသွားလုပ်တာလဲ"
"အကိုကလည်းဘာလို့လိုက်သဝန်တိုနေတာလဲ"
"ပါးစပ်ပိတ်ထား"
ရုံအာသည်ဇာတ်လေးပုဝင်သွားကာ ပါးစပ်ကိုပိတ်လိုက်သည်။
ရှန့်နင်တို့သည်ဆေးရွက်တေွကိုခွဲပြီးအခြောက်ခံလို့လည်းပီးသွားသည်။ ဆေးရွက်တချို့ကိုကြိတ်ကာအရည်ညှစ်လို့လည်းပြီးသွားသည်။ သို့သော် နိုးကတည်းကခြံရှေ့တံခါးမကြီးမှာခေါက်တုံ့ခေါက်ပြန်လျှောက်ကာတစ်စုံတစ်ယောက်ကိုမျှော်နေသည့်သဝန်တိုနေသည့်တစ်စုံတစ်ယောက်လည်းရှိတယ်။"ကော နင်မညောင်းဘူးလား သူတို့်ပြန်လာချိန်ပြန်လာမှာပေါ့"
"ပါးစပ်ပိတ်ထား"
"ဒါပဲပြောတတ်တာလားမသိဘူး ကောင်းပြီလေ ထမင်းသွားစားတော့မယ် ဆက်ပြီးစောင့်နေ လည်ပင်းကြီးရှည်လာလိမ့်မယ်"
"ပါးစပ်ပိတ်ထားစမ်း ကိုယ့်ဘာသာထမင်းသွားစား"
"သိပါပီ"
ရုံအာသည်အိမ်ထဲဝင်သွားတော့သည်။
"မနက်ကတည်းကနေအခုထိပြန်မလာသေးဘူး ဘာတေွသွားပြီးဘာတေွလုပ်နေလို့လဲ "
တံခါးကိုဖွင့်တော့မည်အပြု
"သူတို့ဘာသာဘယ်သွားသွားငါနဲ့ဘာဆိုင်လို့လဲ "
အနောက်ပြန်လှည့်ချိန်တွင် တံခါးသည်ပွင့်လာသည်
"မင်းသား3ဘာလုပ်နေတာလဲ "
"လမ်းလျှောက်နေတာလေ"
တံခါးဝမှာတေွ့လိုက်လို့မေးလိုက်ကာကိုဒေါသတကြီးပြန်ဖြေသွားတာကြောင့်ဟွမ်ကျွင့်ကျယ်မှာရုတ်တရက်ကြောင်အသွားရသည်။ ရှန့်ယန်မှာလည်းအသံပင်မထွက်ရဲ။
YOU ARE READING
White lotus
Fanficရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်