ဟွမ်ကျွင့်ကျယ်သည်မင်းသမီးအိပ်သွားပီးနောက် ရှန့်နင်နှင့်ယွင်ချီ့ကိုတံခါးအပြင်ဘက်ကိုခေါ်ထုတ်လိုက်သည်။ အစောင့်များသည်ယခင်ကထက်ပိုများလာသည်ကိုတေွ့ရသည်။
"ငါတို့လူပြောတာကြောင့်အနောက်ဘက်ပန်းခြံမှာထိုင်နေတာ အဲ့လူတစ်စုရောက်လာတာ ငါထင်တာမကုန်သေးဘူး ရှိအုန်းမယ်ထင်တာပဲ"
"မင်းသားပြောတာဓားမှာအဆိပ်သုတ်ထားတယ်ဆို"
"ဟုတ်တယ်အဆိပ်ကအရမ်းပြင်းတယ်သေချာပေါက်ထန်ချီဘက်ကမဟုတ်ဘူး"
"အဲ့အဆိပ်ကိုကျမသိတယ်"
ရှန့်နင်သည်တခုခုကိုသေချာစဉ်းစားပီးနောက်
"ပိုင်အိမ်တော်ကိုလုပ်ကြံတုန်းကသုံးတဲ့အဆိပ်"
ဟွမ်ကျွင့်ကျယ်သည်ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်တယ် အဲ့ဓားမှာသုံးထားတဲ့အဆိပ်ကမြွေတစ်ကောင်ရဲ့အဆိပ် အဲ့မြေွကရှားပါးတယ် အလယ်ပိုင်းမြက်ခင်းဒေသရဲ့တောအုပ်မှာတေွ့ရတတ်တယ်။ တော်တော်လေးကိုရှားပါးတယ်။ဒီလောက်အဆိပ်ကိုထုတ်နိုင်ဖို့ဆိုငါထင်သလိုဖြစ်နေမလားပဲ"
"မင်းသားပြောချင်တာကသူတို့ကအဲ့အဆိပ်အတွက်မြေွကိုမွေးမြူထားတာလား"
ယွင်ချီပြောသည်ကိုဟွမ်ကျွင့်ကျယ်သည်ခေါင်းငြိမ့်လိုက်ကာ
"ရှန့်နင် ဟုန်ယောင်ကိုရောက်တာနဲ့ရှန့်ဘိုးဘွားကိုရှာ အဲ့အဆိပ်အကြောင်းပြောပြပီးဖြေဆေးရှိလားမေးလိုက်ပါ"
"ကောင်းပါပြီမင်းသား"
ဟွမ်ကျွင့်ကျယ်သည်ယွင်ချီ့ဘက်သို့လှည့်ကာ စာရွက်ကိုထုတ်ပေးလိုက်သည်
"ယွင်ချီ နင်ကရောက်တာနဲ့တောင်ပေါ်တက်ပီးအဲ့ဆေးပင်တေွရှာလိုက်"
"နားလည်ပါပီ "
"နောက်ပြီးတော့"
ဟွမ်ကျွင့်ကျယ်သည်အခန်းထဲတွင်အိပ်နေသည့်မင်းသမီးကိုလှည့်ကြည့်ကာ
"မင်းသမီးကိုသေချာလေးစောင့်ရှောက်"
"ဟုတ်ကဲ့ပါ"
ထို့နောက်သူတို့သုံးယောက်သည်အခန်းကိုယ်စီသို့ပြန်သွားကြသည်။
ရှကျစ်ကွမ်းသည်ပြတင်းပေါက်ဘောင်ပေါ်တွင်ထိုင်နေသည်။သူ့ရှေ့ရှိစားပွဲဝိုင်းတွင် ကြက်ကြော်နှင့်သေရည်ပုလင်းရှိနေသည်။

YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်