Part-17

161 22 3
                                    

"ကောကော "

ဟွမ်ကျွင့်ကျယ်သည်ထိုသူကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ ချင်းရုံသည်ရုတ်တရက်ကြောင်အသွားကာရှကျစ်ကွမ်းကိုလှည့်ကြည့်လိုက်တော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး မျက်နှာမှာမဲမှောင်ရှုံ့တွနေသည်။

"ငါ့ရဲ့ကလေးလေးကတော့လေ သူများတေွကိုအရင်မိတ်ဆက်ပါရစေအုန်းမဟုတ်ရင်တမျိုးထင်ကုန်ကြမယ်"

ထိုအခါမှဖက်ထားရာကလွှတ်လိုက်ပြီး

"ကျနော်ကယဲ့ပိုင်မင်ပါ ဟွမ်ကျွင့်ကျယ်ရဲ့အကိုဝမ်းကွဲပါ "

"အော်အဲ့တာကြောင့်ကိုရုပ်ချင်းကနည်းနည်းဆင်တာကို ဒါဆိုအကိုကအရင်တရားသူကြီးဟောင်းယဲ့မင်ရဲ့မြေးလား"

"ဟုတ်ပါတယ်"

"အော်အဲ့လိုလား"

ချင်းရုံသည်ရယ်ရယ်မောမောဖြင့်စကားပြောနေသော်လည်း သု့ဘေးမှာအကို2နှင့်အကို3မှာစကားတစ်ခွန်းမှမဟပဲရုပ်တည်ဖြင့်သာရပ်နေသောကြောင့်အားနာနာဖြင့်သာအခြေနေကိုဝင်ထိန်းရန်လုပ်တော့သည်။

"ဒါဆိုအခန်းလိုက်ပြပေးပါလား အကုန်ခရီးပန်းလာတော့နားချင်နေကြမယ်ထင်တယ်"

"ကောင်းပါပြီ"

တရားသူကြီးပိုင်ကျင်းယွမ်သည်အခန်းလိုက်ပြရန်ရှေ့မှထွက်သွားတော့သည်။

"ကျွင့်အာ အကိုမင်းအတွက်ဆန်ပြုတ်အချိုလုပ်ထားပေးမယ် မင်းအရင်သွားအနားယူလိုက်"

"အင်း "

ကိုယ်စီအခန်းထဲပြန်ရောက်ပြီးသည်နှင့်မင်းသမီးချင်းရုံသည်ချက်ချင်းပင်အိပ်ပျော်သွားတော့သည်။ ညနေနေဝင်သွားချိန်ထိအခန်းတိုင်းသည်တိတ်ဆိတ်နေသည်။ ညစာစားချိန်မှာတော့အစေခံမလေးတေွကလာခေါ်သဖြင့်မင်းသမီးချင်းရုံလည်းပြင်ဆင်ပြီးထွက်လာခဲ့သည်။ ဉယာဉ်ထဲရှိထမင်းစားစားပွဲဝိုင်းတွင်တော့ တရားသူကြီးမင်းပိုင်ကျင်းယွမ်နှင့်အကိုယဲ့မင်ပိုင်တို့်ကအတူတူထိုင်နေသည်။ အကိုယဲ့မင်ပိုင်ရဲ့ဘေးမှာတော့ဟွမ်ကျွင့်ကျယ်ထိုင်နေပြီး ဘေးမှာတော့အကိုရှကျစ်ကွမ်းကထိုင်နေသည်။ သူသည်အကိုရှကျစ်ကွမ်းရဲ့ဘေးကိုဝင်ထိုင်လိုက်သည်။

White lotus Where stories live. Discover now