ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်တို့စကားပြောနေချိန်အပြင်ဘက်တွင်အသံတစ်ခုကြားလိုက်ရသည်။
"မင်းသား3"
ရှကျစ်ကွမ်းသည်တံခါးကိုဖွင့်လိုက်ပီးဟွမ်ကျွင့်ကျယ်နှင့်ယွင်ချီသည်အခန်းရဲ့ခန်းစီးအကွယ်နားတွင်ပုန်းလိုက်သည်။
"အထိန်းတော်ရှီး ဘာကိစ္စရှိလို့ပါလဲ"
"မယ်တော်ကြီးကဒီညညစာတူတူစားကြရအောင်လို့ခေါ်ခိုင်းလိုက်လို့ပါ"
"ကျနော်တစ်ယောက်တည်းလား"
"မဟုတ်ပါဘူး အိမ်ရှေ့စံနဲ့မင်းသမီးလေးတို့လည်းလာမှာပါ နောက်ပီးမင်းသမီးဟွမ်ကျွင့်ကျယ်ကိုလည်းခေါ်ခိုင်းလိုက်ပါတယ်။ သူ့အိမ်တော်ကိုသွားတာမရှိလို့ မင်းသားကပဲတဆင့်ပြန်ပြောပေးပါ"
"ကောင်းပါပြီ"
ပြောပီးသည်နောက်အထိန်းတော်ရှီးသည်ချက်ချင်းထွက်သွားသည်။ အဖွား(မင်းကြီးရဲ့မိခင်မို့မယ်တော်ကြီးလို့ခေါ်ပါတယ်။)ရဲ့ အထိန်းတော်ရှီးကအခြားအထိန်းတော်တေွလိုမဟုတ်ဘဲကိုယ်ပြောစရာရှိလုပ်စရာရှိတာပီးတာနဲ့တန်းထွက်သွားတယ်။ အကယ်၍ဒီနေရာမှာအခြားအထိန်းတော်ဆိုရင် မင်းသမီးဟွမ်ကျွင့်ကျွယ်ဘယ်သွားတာလဲ ဘာသွားလုပ်တာလဲမေးကြအုန်းမည်။
ရှကျစ်ကွမ်းအထဲဝင်လာပီးမှဟွမ်ကျွင့်ကျယ်နှင့်ယွင်ချီသည်အကွယ်မှထွက်လာသည်။
"ညအတွက်ပြင်ဆင်ထားပါ အဘွားကမင်းကိုလည်းညစာစားပွဲကိုဖိတ်လိုက်တယ် အသေးစားလေးပါမင်းကြီးနဲ့မိဘုရားခေါင်ကြီးတို့မပါဘူး ဒါမယ့်"
ရှကျစ်ကွမ်းသည်ဟွမ်ကျွင့်ကျယ်ကိုလှမ်းကြည့်လိုက်ပီး
"အိမ်ရှေ့စံကနည်းနည်းမိန်းမလိုက်စားတယ် မင်းသတိထားပေါ့"
"ကောင်းပါပြီ"
ညနေဘက်တွင်
ရှကျစ်ကွမ်းသည်ဉယာဉ်ငယ်လေးထဲရှိစားပွဲဝိုင်းလေးတွင်ထိုင်ကာဟွမ်ကျွင့်ကျယ်ကိုစောင့်နေသည်။
ဟွမ်ကျွင့်ကျယ်၏အိမ်တံခါးသည်ပွင့်ဟလာပီး ခရမ်းနုရောင်ဝတ်စုံလေးဖြင့်မိန်းကလေးတစ်ယောက်ထွက်လာသည်။ ဟွမ်ကျွင့်ကျယ်သည်အရောင်နုများကိုသဘောကျသည်ထင်သည်။ အမြဲအရောင်နုတေွကိုဝတ်ဆင်လေ့ရှိသည်။ အရောင်နုနှင့်သူ့နို့နှစ်ရောင်ဖြူဉလှသည့်အသားရေမှာတကယ်ကိုပင်လိုက်ဖက်လှပါသည်။ ဆံပင်ကိုလည်းရိုးရိုးရှင်းရှင်းထုံးကာတစ်ဝက်ချထားတတ်သည်။ မျက်နှာတွင်လည်း မျက်နှာခြေမှုန့်တေွထူပိန်းနေအောင်ခြယ်သစရာမလိုပဲနှင့်ကိုနဂိုဖြူဉလှသည့်အသားရည်ကိုပိုင်ဆိုင်ထားသည့်အပြင်ပန်းနုရောင်နှုတ်ခမ်းပါးလေးကိုလည်းပိုင်ဆိုင်ထားသည်။ ခြုံငုံပြောရရင်ဟွမ်ကျွင့်ကျယ်၏အလှသည် သဘာဝတရားကဲ့သို့အေးချမ်းပီးမြင်သူတကာကိုရိုးရိုးရှင်းရှင်းအသွင်ဖြင့်ဆွဲေဆာင်နိုင်သည်။

YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်