"မင်း.....မင်း....ကိုယ့်တိုင်းပြည်ကိုယ်ဖျက်ဆီးတဲ့ကောင်"
မင်းကြီးသည်ဘေးမှစစ်သည်တစ်ယောက်ရဲ့ဓားကိုဆွဲထုတ်လိုက်ပြီး အိမ်ရှေ့စံကိုချိန်ရွယ်နေသည့်အချိန်တွင်မိဘုရားခေါင်ကြီးကအိမ်ရှေ့စံရှေ့မှကာလိုက်ပြီး
"မင်းကြီး စိတ်လျော့ပါ ကျေးဇူးပြုပြီးသေသေချာချာစစ်ဆေးပေးပါသူများစကားလိုက်နားမယောင်ပါနဲ့ သက်သက်စွပ်စွဲခံရတာပါ
ကျမရဲ့သားအတွက်တရားမျှတမှုကိုရှာပေးပါမင်းကြီး"မင်းကြီးသည်ဓားကိုချိန်ရွယ်လျက်
"ဒီလောက်သက်သေခိုင်လုံတာတောင်မင်းတို့ကလိမ်ချင်နေတာလား"
"ဒါလောက်လေးနဲ့တရားခံက အိမ်ရှေ့စံပါလို့စွပ်စွဲလို့မရဘူး"
ရှကျစ်ကွမ်းသည်လက်ခုပ်တစ်ချက်တီးလိုက်ပြီးနောက်စစ်ထူ(ရှကျစ်ကွမ်းရဲ့လူယံု)သည် ခေါင်းကိုအမည်းရောင်အဝတ်စစွပ်ထားပြီးကြိုးတုတ်ထားသည့်လူတစ်ယောက်ကိုခေါ်လာသည်။ ရှကျစ်ကွမ်းသည်ခေါင်းစွပ်ကိုဖြည်လိုက်ပြီးနောက်
"ဒါကိုတော့အိမ်ရှေ့စံသိလောက်မှာပါ"
"အို..အိမ်ရှေ့စံမတေွ့ရတာကြာပြီနော်"
"မင်းမသေသေးဘူးလား"
အိမ်ရှေ့စံသည်ကြိုးတုပ်ထားသည့်လူကိုမြင်ပြီးလန့်သွားတာကြောင့်ရုတ်တရက်စကားမှားထွက်မိသွားသည်။ မိဘုရားခေါင်ကြီးသည် မျက်လုံးပြူးကာအထိတ်တလန့်လှည့်ကြည့်လာမှ သူမှားသွားမှန်းသိလိုက်သည်။
"အိမ်ရှေ့စံကသူ့ကိုသိတာလား"
"မသိဘူး...ဘာတေွလာမေးနေတာလဲမသိဘူး"
ရှကျစ်ကွမ်းရဲ့အမေးကိုအသည်းသန်ငြင်းနေသည့်အိမ်ရှေ့စံ
"မသိဘူးဆိုဘာလို့ခုနမသေသေးဘူးလားလို့မေးလိုက်တာလဲ"
"ငါ....ငါမင်းတို့ထန်ချီကလူကိုဖမ်းမိတယ်လို့ကြားထားတယ် ပြီးတော့အကျဉ်းထောင်မှာသေသွားတယ်လို့ကြားထားလို့"
"သူကထန်ချီကလူမှန်းဘယ်လိုသိလဲ"
"ငါ....ငါ"
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်