"မင်းပြောတာဘာအဓိပ္ပာယ်လဲရုံအာ"
"ကြားတဲ့အတိုင်းပဲ ကျမကမိဘုရားကြီးရဲ့သမီးအရင်းမဟုတ်ဘူး
မိဘုရားကကလေးအသေလေးမွေးခဲ့တာ မင်းကြီးကသားတေွပဲရှိတော့သမီးလေးတစ်ယောက်လည်းလိုချင်ခဲ့တာ အဲ့တာကြောင့်ကလေးအသေမွေးလာလို့ ကြံရာမရတဲ့အဆုံးမကြာသေးခင်ရက်ပိုင်းကမှကလေးမွေးထားတဲ့အစေခံဆီက ကလေးကိုလုပြီး အစေခံနဲ့သူ့ယောက်ကျားကိုသတ်ပစ်လိုက်တာ"ဟွမ်ကျွင့်ကျယ်သည်နာကျဉ်းနေသည့်မျက်ဝန်းများဖြင့်အတိတ်ကိုပြောပြနေသည့်ရုံအာ့ကိုကြည့်ကာ
"ဒါဆိုအစေခံရဲ့ကလေးကမင်းလား"
"ဟုတ်တယ်"
"ဘယ်တုန်းကစသိခဲ့တာလဲ"
"အသက်ဆယ့်ငါးနှစ်တုန်းက ညဘက်အပြင်ခိုးထွက်ရင်း မိဘုရားကြီးနဲ့သူ့လူယုံအထိန်းတော်တို့ပြောတာကိုကြားခဲ့တာ"
"မင်းဘာဆက်လုပ်မှာလဲ"
ဟွမ်ကျွင့်ကျယ်ကိုရုံအာသည်စိုက်ကြည့်လိုက်ကာ
--------------------အကျဉ်းခန်း---------------
အိမ်တော်တစ်ခုလုံးအိပ်နေကြပြီ။ မီးတေွမှိတ်ကာအိမ်မက် ကမ္ဘာထဲရောက်နေကြပြီ။ ထိုအချိန်တစ်ကိုယ်လုံးအနက်ဝတ်ကာ မျက်နှာကိုအဝတ်စအမည်းနှင့်ဖုံးထားသည့်လူတစ်ယောက်သည်အကျဉ်းထောင်အတွင်းခိုးဝင်သွားသည်။ အကျဉ်းခန်းစောင့်တေွကိုမေ့သွားအောင်နောက်စေ့ကိုရိုက်ချကာ အကျဉ်းသားနှစ်ဉီးဆီသို့တိုက်ရိုက်သွားလိုက်သည်။
အကျဉ်းသားနှစ်ဉီးသည်ဝင်လာသည့်ထိုသူကိုကြည့်နေသည်။ တပ်မှုးချုပ်ဆီသို့တိုက်ရိုက်သွားနေသည့်ထိုသူ"ထန်ချီကလား ငါ့ကိုလာကယ်တာလား"
ထိုသူသည်ဘာမှမပြော တပ်မှူးချုပ်ပါးစပ်ကိုဖြဲကာ လက်ထဲကဆေးပုလင်းမှဆေးရည်များကိုလောင်းထည့်လိုက်သည်။ တပ်မှုးချုပ်မှာလည်ပင်းကိုကိုင်ရင်းအော်ဟစ်ကာအသက်ရှူရပ်သွားရှာသည်။
ထို့နောက်ထပ်ဖမ်းထားသည့်အကျဉ်းသားတစ်ယောက်ဆီသို့ဉီးတည်လိုက်သည်။ လက်မှချုပ်ထားသောသံကြိုးမျကိုဖြည်ပေးလိုက်သည်။
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်