ရှကျစ်ကွမ်းတို့အိမ်ပြန်ရောက်ချိန်တွင်ဉယာဉ်ထဲတွင်ညစာစားဖို့စောင့်နေကြသည့်သူတို့ကိုတေွ့လိုက်သည်။
မင်းသား2၊တရားသူကြီးမင်းပိုင်ကျင်းယွမ်၊ ယွင်ချီ၊ ယဲ့ပိုင်မင်၊ မင်းသမီးနှင့်ရှန့်နင်နဲ့ရှန့်ယန်လည်းရောက်နေကြသည်။ မင်းသမီးသည်ဟွမ်ကျွင့်ကျယ်လက်မောင်းကိုပြေးဖက်ကာ"ကျဲတနေကုန်ဘယ်သွားနေတာလဲ"
"ကျဲတို့မြို့ထဲပတ်ပီးအခြေနေကိုကြည့်နေတာပါ"
"ဟုတ်လား ရုံအာကတော့ဆေးပင်တေွခူးရတာခြေထောက်တေွကိုတောင့်နေတာပဲ"
"ဟုတ်လား ယွင်ချီနဲ့ရှန့်နင်က ငါ့ကလေးကိုနှိပ်စက်တာလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ရုံအာကိုကပျော့တာပါ ဒါမယ့်ပျော်ဖို့်ကောင်းတယ်"
"ဟုတ်ပါပြီ ကျဲဗိုက်ဆာနေပီစားကြရအောင်"
ညစာစားပြီးသည်နှင့်အခန်းကိုယ်စီသို့ပြန်သွားကြသည်။ မင်းသမီးသည်တနေကုန်ပင်ပန်းတာကြောင့်အစေခံမလေးတေွပြင်ပေးသည့်အိပ်ယာတွင်အိပ်လိုက်သည်။ အမွှေးတိုင်သည်တော်တော်လေးကိုမွှေးပီးအိပ်စက်မှုကိုအကူညီဖြစ်စေသည်။ အစေခံမလေးတေွပြောကြားချက်အရတော့ ဆေးအမွှေးတိုင်ဖြစ်ပီးကောင်းကောင်းအိပ်ပျော်အောင်ကူညီပေးသည်ဟုပြောကြသည်။
တရားသူကြီးမင်းပိုင်ကျင်းယွမ်ရဲ့အခန်းတွင်စုကြပီးရလာသည့်သတင်းအချက်လက်များကိုဖလှယ်ကြသည်။ရှန့်နင်နှင့်ယွင်ချီတို့သည်ဆေးပုလင်းများကိုထုတ်လိုက်ပီး
"မင်းသမီးဟွမ်ပြောတာမှန်တယ် ဒီအဆိပ်ကအပြာရောင်မြွေဟောက်ရဲ့အဆိပ်နဲ့လုပ်ထားတဲ့အဆိပ် အဲ့အဆိပ်ကိုဓားမှာသုတ်ထားပြီး ဓားနဲ့နည်းနည်းလေးခြစ်မိပီး သွေးထွက်လာရင်အဲ့သွေးနဲ့အဆိပ်ကဓာတ်ပြုပြီးမိနစ်ပိုင်းအတွင်းမှာပဲသေတယ်။ ဖြေဆေးမရှိဘူး။ ဒါပေမယ့်ကြိုတင်ကာကွယ်တဲ့ဆေးတော့ရှိတယ်"
ဆေးပုလင်းအသေးစားဆယ်ပုလင်းကိုထိုးပြလိုက်ပီး
"ဒါကအဆိပ် အဆိပ်ပြင်းဖားပြုတ်ရဲ့အဆိပ် အဲ့အဆိပ်ကိုသောက်ထားရင်အပြာရောင်မြွေရဲ့အဆိပ်အပြင်အခြားအဆိပ်ပေါင်းများစွာကိုလည်းခံနိုင်တယ်။ အဆိပ်ကိုအဆိပ်နဲ့တိုက်တဲ့သဘောမျိုးပဲ"

YOU ARE READING
White lotus
Fiksi Penggemarရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်