တခဏချင်းဖြစ်သွားတဲ့ရုန်းရင်းဆန်ခတ်အခြေနေတေွကိုထိန်းချုပ်လိုက်ကာမင်းကြီးအနားမှာကိုယ်ရံတော်တေွရောက်လာပြီး မင်းကြီးလက်ထဲမှာတော့ရင်ဘတ်မှာဓားစိုက်နေသည့်ဒဏ်ရာဖြင့်သွေးအလိမ်းလိမ်းနှင့် ကချေသည်မလေးတစ်ယောက်လဲကျနေသည်။
မင်းသား3ရှကျစ်ကွမ်းရဲ့ရှေ့မှာတော့ မင်းသား2ရဲ့ဓားချက်နဲ့သေသွားတဲ့လုပ်ကြံသူတစ်ယောက်ရှိနေသည်။
"လာကြစမ်း "
မင်းကြီးရဲ့အော်သံကြောင့်ကိုယ်ရံတော်တပ်သားတစ်ယောက်ရောက်လာပြီး
"ဒီမိန်းကလေးကိုငါကိုယ်တော်ရဲ့အဆောင်ကိုခေါ်သွား တော်ဝင်သမားကိုအတတ်နိုင်ဆုံးအသက်ကိုရအောင်ကယ်ခိုင်း"
"အမိန့်တိုင်းပါမင်းကြီး"
ကိုယ်ရံတော်တပ်သားမှာမင်းကြီးလက်ထဲက ကချေသည်မလေးကိုလက်လွှဲယူလိုက်ပြီး မင်းကြီးအဆောင်ဆီသို့ဉီးတည်သွားသည်။
လုပ်ကြံသူတစ်ယောက်မှာသေသွားပြီး မင်းကြီးဆီဉီးတည်လာသည့်လုပ်ကြံသူကိုအရှင်ဖမ်းမိသည်။
ကျန်သည့်ကချေသည်လေးများမှာ ခေါင်းကိုမြေကြီးနှင့်ထိမတတ်ငုံ့ထားသည်။
မင်းကြီးသည်လုပ်ကြံသူရဲ့မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းဆုပ်ကိုင်ကာ"ပြောစမ်း မင်းကိုဘယ်သူခိုင်းတာလဲ "
ထိုမိန်းကလေးမှာဘာမှမပြောပေ။
"မပြောဘူးလားရတယ် ငါမင်းပြောထွက်လာအောင်နှိပ်စက်နည်းအကုန်သိတယ်"
လုပ်ကြံသူမှာရုန်းလိုက်ကာ လည်ပင်းမှာဆွဲထားတဲ့ဆေးလုံးပုံစံပုလဲလုံးလေးကိုဖြုတ်လိုက်ကာ
"ကတိအတိုင်းတည်ပါစေ"
ထိုတစ်ခွန်းအတိုင်းသာပြော၍ထိုပုလဲလုံးကိုမြိုချလိုက်သည်။ စက္ကန့်ပိုင်းအကြာမှာပဲ သွေးအန်ကာအသက်ရှူရပ်သွားသည်။
"ကျယ်ကျဲ.."
ထိုအချိန်မှ ကချေသည်အဖွဲ့ထဲကမိန်းကလေးတစ်ယောက်ထွက်လာကာ
"ကျယ်ကျဲ.. မသေရဘူးလေ ဒီတစ်ခါကပွဲပြီးရင် ခရီးတေွထွက်ကြမယ်ဆို မသေရဘူးလို့ကျယ်ကျဲ...အားးးး"
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်