မနက်နေစထွက်တာနဲ့ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်သည် စာတေွထဲကအတိုင်းထန်ချီနှင့်လီသွမ်းတို့ဆက်သွယ်နေကျနေရာဖြစ်သည့် ဟုန်ယောင်ရဲ့တောင်ဘက်ကဝါးတောထဲမှာရှိတဲ့ဘုရားကျောင်းငယ်လေးသို့သွားသည်။
ဘုရားကျောင်းဝန်းထဲသို့ဝင်လိုက်ချိန်တွင်ဆုတောင်းစာများချိတ်သည့်သစ်ပင်ကိုတေွ့ရသည်။ အနီရောင်ဖဲ့ကြိုးစလေးတေွနှင့်တွဲချည်ထားသည့်ဆုတောင်းစာတချို့ကိုတေွရသည်။
အရှေ့သို့ဆက်သွားလိုက်လျှင်တော့ ဘုရားဝတ်ပြုရာအဆောက်အုံငယ်လေးသည်ပျက်စီးယိုယွင်းနေသည်။ ဤနေရာသည်ဟွမ်ကျွင့်ကျယ်တို့ငယ်ငယ်ကတည်းကသရဲ့ခြောက်သည်ဟုနာမည်ကြီးသည့်ဘုရားကျောင်းဖြစ်သည်။ ထို့အတွက်လူသွားလူလာမရှိသလောက်နည်းသည်။ ထိုအကြောင်းရင်းကြောင့်ထိုနေရာသည်တိတ်တဆိတ်ဆက်သွယ်ရန်အကောင်းဆုံးနေရာဖြစ်သည်။
ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်တို့သည်ဘေးပတ်ပတ်လည်ကိုကြည့်နေရင်းအပြင်ဘက်မှခြေသံကိုကြားလိုက်ရသည်။ ထို့ကြောင့်အဆောက်အအုံထဲသို့အမြန်ပြေးဝင်ကာ ပျက်စီးနေသည့်ဗီရိုထဲသို့ဝင်ပုန်းလိုက်သည်။ ဗီရိုသည်အပေါက်နည်းနည်းပေါက်နေသည်မှတပါးကျန်တာအကုန်အကောင်းဖြစ်သည်။ အပေါက်ရှိသောကြောင့်အပြင်ဘက်ကိုလည်းကောင်းကောင်းချောင်းကြည့်နိုင်သည်။ ဗီရိုသည်ကျဉ်းတာကြောင့်ရှကျစ်ကွမ်းနှင့်ဟွမ်ကျွင့်ကျယ်သည်ပူးကပ်နေပီး ဟွမ်ကျွင့်ကျယ်လက်နှစ်ဖက်သည်ရှကျစ်ကွမ်းရင်ဘတ်ပေါ်သို့ရောက်နေသည်။ ရှကျစ်ကွမ်းရဲ့လက်နှစ်ဖက်မှာလည်းဟွမ်ကျွင့်ကျယ်ရဲ့ခါးကိုဖက်ထားသည်။ ထိုအခြေနေသည်အသက်ရှူကြပ်လှသော်လည်းသူတို့သည်အပြင်လည်းထွက်၍မရချေ။ အပေါက်လေးမှချောင်းကြည့်နေတုန်း အမည်းရောင်ဝတ်စံုကိုဝတ်ဆင်ထားပြီး အမည်းရောင်ခြုံထည်ကိုခြုံကာခေါင်းကိုအုပ်ထားပြီး မျက်နှာဖုံးတပ်ထားသည့်သူရောင်လာသည်။ ထိုသူ၏အရပ်သည် ဟွမ်ကျွင့်ကျယ်ထက်တောင်ပုသေးသည်။ သူသည်အထဲသို့ဝင်လာပြီး ဘေးပတ်ပတ်လည်ကိုကြည့်ကာအပြင်ပြန်ထွက်သွားသည်။ ထို့နောက်ဆုတောင်းစာပုံစံဖဲကြိုးနီနှင့်ဆုတောင်းစာကတ်ပြားလေးကိုချည်ထားခဲ့သည်။ထို့နောက်အလျင်မြန်ပင်ပြန်ထွက်သွားသည်။ အချိန်ခဏစောင့်ပုီးမှဘယ်သူမှမရှိတော့တာသေချာမှဟွမ်ကျွင့်ကျယ်တို့အပြင်ကိုထွက်လာသည်။ သစ်ပင်မှာခုနသူချိတ်ဆွဲထားသည့်ဆုတောင်းစာကိုဖြုတ်ကာကြည့်လိုက်သည်။
YOU ARE READING
White lotus
Fanfictionရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်