ရုတ်တရက်မောင်းထုသံအကျယ်ကြီးကြောင့်အကုန်နိုးလာခဲ့သည်။ ရုံအာသည်အပြင်ထွက်လိုသောအခါ အကုိရှကျစ်ကွမ်း အကိုကျန်းရှမ့်(မင်းသား2)
အကိုယဲ့ပိုင်မင် အကိုပိုင်ကျင်းယွမ်တို့သည်စစ်ဝတ်တန်ဆာအပြည့်အစုံဖြင့်လက်တွင်ဓားကိုကိုင်ထားကြသည်။
သူတို့သည်အိမ်တော်မှထွက်ခွာသွားပြီးဟွမ်ကျွင့်ကျယ်သည်သူ့ကိုလှည့်ကြည့်လာသည်။"ကျဲဘာဖြစ်တာလဲ အကိုတို့ကစစ်တိုက်ထွက်တာလား"
"ထန်ချီတပ်တေွတက်လာတာ ရုံအာ ချပ်ဝတ်တန်ဆာကိုဝတ် ပြီးတော့ရှန့်နင်နဲ့ဒီအစေခံမလေးတေွနဲ့အတူ လျှို့ဝှက်နေရာမှာသွားပုန်း"
ဟွမ်ကျွင့်ကျယ်သည် ရှန့်နင်ရဲ့လက်ထဲသို့သစ်သားဘူးလေးတစ်ဘူးကိုထည့်ပေးလိုက်သည်။
"ဒီ အမွှေးတိုင်းကိုထွန်းထား ဒါတေွကုန်လို့မှငါတို့တံခါးလာမဖွင့်ရင်လျှို့ဝှက်လမ်းကြောင်းကနေတာရှကိုပြေး ပြန်မလှည့်နဲ့ လုံးဝပြန်မလှည့်နဲ့"
"ကျဲ..ကျဲကရော ရုံအာတို့နဲ့အတူမလိုက်ခဲ့ဘူးလား"
မျက်ရည်တေွနဲ့သူ့ကိုမော့ကြည့်လာသည့်ရုံအာကိုကြည့်ရင်းမျက်ရည်တေွသုတ်ပေးကာ အရင်တုန်းကသူ့ညီမလေးကိုသတိရမိသည်။ ဒီတစ်ခါဒီညီမလေးကိုတော့သူအစွမ်းကုန်ကာကွယ်မယ်။
"ငါကအရင်တုန်းကလည်းကြုံတေွ့ပီးပီ အဲ့ကနေလည်းအသက်ရှင်လျက်ပြန်ထွက်လာပြီးပြီ ဒီတစ်ခါတော့ငါအစွမ်းကုန်ဟုန်ယောင်ကိုကာကွယ်မယ် ငါသေရင်တောင်ဟုန်ယောင်မှာပဲသေမယ်"
"ကျဲ...နင်မသေရဘူး နင်အသက်ရှင်ရမယ် နင်ငါ့ကိုကတိပေးထားတယ်လေ ခမည်းတော်မွေးနေ့မှာနင်ကိုယ်တိုင်ချုပ်ပေးတဲ့အဝတ်စားလေးငါ့ကိုဝတ်ခိုင်းမှာဆို ငါ့မဂ်လာဆောင်ရင်လည်းနင်ကငါ့ကိုခေါင်းဆောင်းပုဝါမှာနင်
ကို်ယ်တိုင်ချည်ထိုးပေးမှာဆို နင်ကတိပေးထားတယ်နော် နင်မသေရဘူး""ဟုတ်တယ် ငါမသေဘူး နင်လည်းမသေရဘူး အဲ့အတွက်ငါ့စကားနားထောင်"
ရုံအာသည်ရှန့်နင်နှင့်အတူပါသွားသည်။
ဟွမ်ကျွင့်ကျယ်သည်မိန်းကလေးအဝတ်စားကိုချွတ်လိုက်ကာယောက်ကျားလေးအဝတ်စားတို့ကိုဝတ်ပြီးစစ်ဝတ်တန်ဆာကိုဝတ်ဆင်လိုက်သည်။ အေပါ်ရုံအနီကိုဝတ်ဆင်ကာ ဘိုးဘွားတို့ရဲ့နားနေရာအရိုးပြာတို့ထားရှိရာကန်တော့ခန်းကိုသွားလိုက်သည်။
ဘိုးဘွားတို့ရဲ့ ကမ္ဗည်းတိုင်တို့ရှေ့ရှိစင်လေးဖြင့်ထားထားသောဓားကိုယူကာ
ဒူးထောက်လိုက်ရင်း

YOU ARE READING
White lotus
Fiksi Penggemarရေကန်ထဲမှာကြာပန်းဖြူအပြည့်နဲ့အရှေ့နန်းဆောင်ရဲ့အိမ်ရှေ့စံနဲ့သူ့ကြင်ယာတော်